အပိုင်း၂

136 27 3
                                    

Unicode

လေပြေလေညှင်းတွေနှင့်အတူသစ်ရွက်လေးများလွင့်မျောလို့လာသည်
မိုးတိမ်တို့ကလည်းအုံ့မှိုင်းနေပြီးမိုးကောင်းကင်ယံ၌ငှက်ကလေးများကလည်းလေဟုန်စီးရင်းပျံသန်းလျက်

အရာအားလုံးဟာတိတ်ဆိတ်ငြိမ်သက်ပြီးလေသံတို့ကိုပါကြားရစေသည်
လူ့စိတ်ကိုလည်းရွင်လန်းမှုများပျောက်ဆုံးပြီးပျင်းရိစေလျက်

အိမ်တစ်အိမ်ရဲ့အခန်းထဲရှိဖွင့်ထားသောပြတင်းပေါက်မှလေပြေတို့ကတိုးဝင်နေပြီးခန်းဆီးလိုက်ကာတို့ကလည်းလေနှင့်အတူလွင့်နေသည်

ယွင်ရှီးလည်းစာကြည့်စားပွဲပေါ်တွင်companyကပေးထားသည့်graphic  ဒီဇိုင်းတွေဆွဲနေသည်လေပြေဟာလည်းပုံဆွဲနေတဲ့ယွင်ရှီးဆံနွယ်လေးများနှင့်မျက်နှာတို့ကိုကျီစယ်နေသလိုနှင့်

"ဒေါက်ဒေါက်"

"သားမေမေဝင်လာမယ်နော်"

"ဟုတ်မေမေ"
ယွင်ရှီးပုံဆွဲရာကနေလှမ်းအော်လိုက်ပြီးမကြာ
ယွင်ရှီးမေမေကမုန့်ဗန်းနှင့်အတူအထဲဝင်လာသည်

"သားပင်ပန်းနေမှာပေါ့ အအေးလေးသောက်မုန့်လေးစားပြီးနားလိုက်အုံး"
"ဟုတ်နောက်ကျရင်စားလိုက်မယ်မေမေ"

ခါတိုင်းဆိုမုန့်လာချပြီးထွက်သွားလေ့ရှိပေမယ့် မေမေကဒီနေ့မှထူးထူးဆန်းဆန်းအခန်းထဲ၌နေနေသေးသည်

လုပ်လက်စအလုပ်တွေကခဏရပ်လိုက်ပြီး
မေမေဘက်လှည့်လိုက်သည်

"မေမေဘာပြောချင်လို့လဲ"
"မေမေအဲ့လောက်သိသာသွားလား"
"ဟုတ်မယ် ဟီး"

ယွင်ရှီးကပြုံးရင်းပြောသည်

"ဟိုလေသားမှာရည်းစားရှိလား"

ယွင်ရှီးခဏငြိမ်သွားပြီးမှခေါင်းခါသည်

"မေမေလေ သားကို မေ့မေ့အသိသမီးတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့ မငြင်းပါနဲ့သားရယ် သားလည်းမငယ်တော့ဘူးလေ မိန်းမယူသင့်နေပြီ အလုပ်နဲ့ပဲနေလို့မှမရတာ အမေလည်းသားကိုမိသားစုလေးနဲ့မြင်ချင်ပြီတကယ်လို့သားမှာရည်းစားရှိတယ် သားမှာချစ်ရမယ့်သူရှိနေပြီဆိုရင်တော့မေမေလည်းအတင်းမစီစဥ်ပါဘူး"

🌠Shooting stars fulfill wishes🌠Where stories live. Discover now