အပိုင်း၇

96 22 2
                                    

Unicode

  ဖေးယွီကသူ့ကိုပြင်ဆင်ခိုင်းလို့တနေရာရာကိုသွားမယ်ထင်တာ
ဖေးယွီဆိုတဲ့သူ့ရှေ့ကဒီကောင်လေးရဲ့စိတ်ကိုတော့အရင်လိုခန့်မှန်းတိုင်းမမှန်တော့ဘူး ..
အေးပေါ့ ဖမ်းချုပ်ထားသူကိုလူမြင်ကွင်းကိုခေါ်ရအောင်လည်း မတွေးတတ်တဲ့ကလေးအရွယ်မှမဟုတ်ပဲ..

သူကစံအိမ်နောက်ကပန်းခြံထဲမှာရှိတဲ့စားပွဲပေါ်မှာသူတို့ညနေစာစားပြီးအချိန်ကုန်ခဲ့ကြတယ်..
လော်ယွင်ရှီးကလည်းရတဲ့အခွင့်အရေးကိုရသလိုအသုံးချပြီးဘယ်နေရာမှာဘာရှိတယ်ဆိုတာကိုသေသေချာချာလိုက်ကြည့်ထားတယ်..
ဘာအတွက်လဲ..
ထွက်ပြေးဖို့ပြေးပေါက်ရှာဖို့အတွက်ပဲပေါ့..

ခြံရဲ့ဖွဲ့စည်းတည်ဆောက်ပုံအကြမ်းဖျင်းကိုကြည့်ပြီးတော့ တော့ယွင်ရှီးကခန့်မှန်းနိုင်ပါတယ်
သူကိုယ်တိုင်ကလည်းဒီအိမ်ပုံစံခြံပုံစံဖွဲ့စည်းပုံတွေကိုပဲနယ်မြေခြားထိသွားသင်ခဲ့တာပဲလေ
နှစ်တွေကလည်းမနည်းဒီလောက်ကတော့သူအေးဆေးကိုခန့်မှန်းနိုင်တယ်..
.
.
.
.
.
ညနေစာစားပြီးတော့အခန်းထဲကိုအိမ်တော်ထိန်းကပြန်လိုက်ပို့တယ် သူငြင်းနေလည်းအကျိုးမရှိမဲ့အတူမငြင်းတော့ပဲတိတ်တဆိတ်လိုက်ပေးလိုက်တယ်..
ဖေးယွီကတော့ယွင်ရှီးသူ့မျက်စိရှေ့ကထွက်သွားတာနဲ့ ရေကူးကန်ကိုကြည့်ပြီးလက်နှစ်ချောင်းကြားမှာရှိတဲ့ဝိုင်ခွက်ကိုလည်းငြင်ငြင်သာသာလှုပ်နေတယ်..

"ကောရဲ့ရင်ထဲမှာကျွန်တော်ကအခုလောက်ဆိုဘယ်လိုလူစားမျိုးဖြစ်နေမလဲ..ကောအတွက်မုန်းစရာကောင်းတဲ့လူပဲဖြစ်နေပြီလား..ဒါမှမဟုတ်ရင်လည်း ကောမျက်နှာလွဲလိုက်သလိုမျိုးကောအတွက်စိတ်အနှောင့်အယှက်ပေးတဲ့လူသာသာပဲဆိုပြီးဖြစ်နေမလား.."

အတွေးသံသရာဆိုတာကလည်း
တွေးလေနစ်လေတွေးလေနစ်လေ..
.
.
.
.
.
ယွင်ရှီးအိပ်နေတုန်းကျောနောက်ကမွေ့ယာကလည်းအနည်းငယ်နိမ့်ဝင်သွားသလိုယွင်ရှီးခံစားလိုက်ရတယ်..
အိပ်နေတုန်းလို့ဆိုပေမယ့်လည်းဒီလိုအခြေအနေမျိုးမှာယွင်ရှီးကနှစ်နှစ်ခြိုက်ခြိုက်တော့ဘယ်အိပ်ပျော်ပါ့မလဲ..

🌠Shooting stars fulfill wishes🌠Unde poveștirile trăiesc. Descoperă acum