အပိုင်း၁၁.၅

35 3 0
                                    


ဒီတခါကျောခိုင်းတဲ့သူကငါဖြစ်ပြီးသံယောဇဉ်အကုန်ဖြတ်ချလိုက်တဲ့သူကလည်းငါပဲ။

လေးလံနေတဲ့နှလုံးသားကိုမသိကျေးကျွန်ပြုရင်းအိမ်ထဲရောက်တော့အားနာနေတဲ့ချန်ဖေးယွီရဲ့မားမျက်ဝန်းတွေနဲ့ဆုံတယ်။‌

ဒီအချိန်မှာဘယ်သူနဲ့မှရှင်းပြပြီးစကားမပြောချင်တာကြောင့်ရောဘာလုပ်လို့ဘာကိုင်ရမလည်းဆိုတာလည်းမသိတာကြောင့်ရပ်နေမိတယ်။

နောက်ဆုံးတော့အားနာတဲ့သူဘက်ကပဲစကားစသံကအခန်းထဲကတိတ်ဆိတ်နေတဲ့လေဟာနယ်ကိုအနိုင်ယူလိုက်တယ်။

"ဘယ်လိုမျက်နှာပြရမလဲတောင်မသိတော့ပါဘူးရှီးအာရယ် မားဖြင့်လေ..."

တဖန်ငြိမ်သက်သွားပြီးမျက်ရည်တွေဝဲလာတဲ့အန်တီကိုကြည့်ပြီးသူ့စိတ်နှစ်ခွဖြစ်လာတယ် ။

အရမ်းရင်းနှီးပြီးဆွေမျိုးရင်းချာလိုဖြစ်ခဲ့တဲ့ဖေးယွီမားကိုနှစ်သိမ့်ပေးရမလား

မဟုတ်ရင်လည်းငိုပြီးဘာလို့သူ့ဆီမှာမှဒီလိုတွေကြုံနေရတာလဲဆိုရမလား..

တုန်ရီနေတဲ့အသံနှင့်ထပ်ပြီး

"တောင်းပန်ပါတယ် မားရဲ့အမှားတွေပါ ရှီးအာရယ်...ဖေးယွီကိုတော့စိတ်မနာပါနဲ့...တကိုယ်ကောင်းဆန်စွာနဲ့ပဲခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်..."

...နောက်ဆုံးတော့လည်းအမေကအမေကပဲသူ့သားအတ‌ွက်ပဲပေါ့...

ပြုံးပြီး

"ရှီးအာနားလည်ပါတယ်..မားပဲစီစဉ်ပေးပါအားလုံးအတွက်ကောင်းမယ့်နည်းကိုပဲ...ခွင့်လွှတ်ပေးဖို့လည်းကြိုးစားပေးပါမယ် မေ့ဖို့ထိတော့မတတ်နိုင်လို့"

နောက်ဆုံးတော့လည်းပထမအတွေးကိုပဲရွေးချယ်လိုက်တော့တယ် အေးလေ ဒီအခြေအနေတွေရောက်နေပြီ ဘယ်လိုဒုတိယအတွေးကိုရွေးနိုင်ပါ့မလဲ

"လိမ္မာတဲ့ကလေး...မားကိုပဲအပြစ်တင်ပါ..ရှီးအာရဲ့အမှားတခုမှမရှိဘူး..ကျေးဇူးတင်ပါတယ် ကလေးရယ်..တကယ်ပါ..."

မျက်ရည်တွေနဲ့အတူနွေးထွေးနေတဲ့ရပ်ဝန်းထဲယွင်ရှီးနစ်မြုပ်သွားတယ်။ဆံပင်ကိုလည်းနူးညံ့စွာသပ်ပေးရင်းနှစ်သိမ့်သလိုကျေးဇူးတင်သလိုတောင်းပန်သလိုရော်စွက်နေတဲ့စကားတချို့ရယ်ကြောင့်လေးလံတဲ့သက်ပြင်းတချက်လိုက်တဲ့ယွင်ရှီးကတအားပင်ပန်းနေကြောင်းပေါ်လွင်လို့ရယ်..
.
.
.
.
အပေါ်ထပ်ဧည့်သည်ခန်းထဲရောက်တော့တံခါးပိတ်ပြီးအိပ်ရာပေါ်လှဲချလိုက်တယ်။

အကုန်ပြီးသွားပြီ..
အကုန်လုံးပြီးဆုံးသွားပြီ..

#sungdayune

You've reached the end of published parts.

⏰ Last updated: Sep 15, 2023 ⏰

Add this story to your Library to get notified about new parts!

🌠Shooting stars fulfill wishes🌠Where stories live. Discover now