အပိုင်း-၁၀

110 16 5
                                    

Unicode

"ဖြန်း"

ချန်ဖေးယွီကိုမိခင်မှခေါ်၍အိမ်သို့ရောက်သည်နှင့်မျက်နှာပေါ်သို့ကျရောက်လာသော
လက်ဝါး...

"မိဘမျက်နှာကိုအိုးမည်းသုတ်တဲ့ကောင်...လူကြားလို့မှမကောင်းယောက်ျားခိုးပြေးတယ်တဲ့ ..
တခြားသူတောင်မဟုတ်ဘူးလော်ယွင်ရှီးဆိုတဲ့ တဖက်အသိအိမ်ကသားကိုမှ"

"နင့်ကြောင့်ငါတို့ဘယ်လိုမျက်နှာပြရမလဲဟမ် ပြောစမ်း ချန်ဖေးယွီ!!တခြားသူတွေသိရင်ငါတို့မျက်နှာဘာမှာသွားထားရမလဲဟမ်"

"လွယ်လွယ်လေး..ကောကို..မိသားဖသားသွားတောင်းရမ်းရုံပဲလေ "

"ဟက်...ချန်ဖေးယွီငါနင့်ကိုမွေးထားတဲ့နင့်အမေပါ..တောင်းရမ်းဖို့ဟုတ်လားအပြောကလွယ်ပေမယ့်လက်တွေ့က်ို ကလေးကစားစရာမှတ်နေသလား...နေစမ်းပါအုန်း...နင့်ကော ကရော နင့်ကိုလက်ထပ်ပါမယ်ပြောလို့လား ဟမ်"

"...."

"မပြောဘူးမလား နင်ကမိုက်ရူးရဲဆန်နေပေမယ့်..ဟိုဖက်ကနင့်လို့မရူးဘူးလေ ဘယ်ပြောမလဲ ပြီးတော့ဟိုက နင့်ကိုညီလေးလို့ပဲတွေးထားလိမ့်မယ် အလွန်ဆုံး"

မားရဲ့စကားလုံးတိုင်းက အမြဲကိုယ့်ဘာကိုမေးနေတဲ့စကားတွေချည်းမို့ စကားလုံးတိုင်းက ရင်ကိုထိုးချက်ပြင်းလွန်းလို့....ခံစားချက်တွေကထိမ်းမနိုင်အောင် အောက်ဆုံးကျသွားလောက်ချင်တဲ့ထိ...

ဒါပေမဲ့ ရပါတယ် ရှီကောကို ပိုင်ရင်ရပြီိဆိုတဲ့ခေါင်းမာမှုနဲ့ရှေ့ဆက်မယ်

"ချစ်မချစ်က အရေးမကြီးပါဘူး သူ့စေ့စပ်ပွဲလည်းပျက်သွားပြီပဲ သူကျွန်တော့်ကိုလက်ခံအောင်လုပ်လို့ရတယ်လက်ထပ်ပြီးရင်အချိန်တွေဆိုတာ ပေါလွန်းလို့"

"ယုတ္တိမရှိတဲ့လုပ်ရပ်တွေရပ်တန်းကရပ်လိုက်ပြီး သူ့ကိုပြန်လွှတ်ပေးလိုက်ကောင်းကောင်းမွန်မွန်တောင်းပန်ပြီး... သူ့မိဘကိုလည်းငါ့ကြည့်စီစဥ်ထားပေးမယ်လို့"

"မေမေ!"

"ဘာမှလာမပြောနဲ့ ငါပြောတဲ့အတိုင်းလုပ်"

ချန်ဖေးယွီလည်းထပ်ပြီးပြိုင်ငြင်းမနေတော့ပဲအိမ်ထဲမှထွက်ခဲ့လိုက်တော့သည်..
.
.
.
.
.
.
.
.
လွန်ခဲ့သော ၂ရက်က မားနဲ့သွားတွေ့ပြီးပြန်လာချိန်မှာ တမင်သက်သက်အစောင့်လူနည်းအောင်ဖန်တီးခဲ့ပေမယ့် ကောက လွတ်အောင်မပြေးနိုင်ခဲ့ဘူး...

🌠Shooting stars fulfill wishes🌠Where stories live. Discover now