အပိုင်း၆

100 19 0
                                    

Unicode

နံနက်ခင်းနေရောင်ခြည်များကအိပ်ခန်းကြမ်းပြင်ပေါ်သို့လွှမ်းလာသည်.အခန်းထဲရှိကောင်လေးတစ်ယောက်ကားအဖြစ်အပျက်များကိုမယုံကြည်ချင်သေး....မနေ့ကဖေးယွီကသူ့ကိုဖမ်းခေါ်လာပြီးဤအခန်းထဲတွင်ချုပ်နှောင်ထားသည်
စေ့စပ်ပွဲမှာလည်းမေမေတို့မျက်နှာတောင်ပြဝံ့တော့မည်မထင်..
ထျန်းရီလည်းကျွန်တော့်ကြောင့်သိက္ခာကျသွားပြီ...

အလိုမတူပဲအဓမ္မချုပ်နှောင်ခြင်းခံထားရမည်ကိုမေမေတို့သိမည်မဟုတ်..
သားဆိုးသားမိုက်ဆိုသောဂုဏ်ဆိုးကိုလည်းမလိုချင်ပဲကိုယ်မလုပ်ပဲရထားပြီ..

အရာအားလုံးဟာတစ်ရက်ဆိုသောအချိန်အတိုင်းအတာတစ်ခုတည်းနှင့်ပြောင်းလဲသွားခဲ့ပြီ..

ဒါတွေအားလုံးကချန်ဖေးယွီကြောင့်...
သို့ပေမဲ့လည်းဖေးယွီကိုအပြစ်မတင်ရက်..
ဒီပြဿနာရဲ့သူ့စကားကိုယုံကြည်မိသူ
ဖေးယွီရဲ့ခံစားချက်တွေကိုမရိပ်မိခဲ့သူ
အကုန်လုံးကကျွန်တော့်အပြစ်တွေ...

"ဒေါက်ဒေါက်"

ပြတင်းပေါက်ဘက်သို့မျက်နှာမူရင်းအတွေးနယ်ချဲ့နေသည်မှာလည်းဘယ်လောက်တောင်ကြာမြင့်ခဲ့ပြီမသိ..တညလုံးမအိပ်ခဲ့လို့လည်းဆိုလို့ရသည်
အသံကြားရာဘက်လှည့်ကြည့်လိုက်တော့..
"အိမ်တော်ထိန်း"

"သခင်လေးအတွက်မနက်စာယူလာပေးတာပါ"
"ပြန်ယူသွားလိုက်ပါစားချင်စိတ်မရှိလို့"
"သခင်လေးဒီရောက်ကတည်းကဘာမှမစားရသေးဘူးလေနည်းနည်းတော့စားလိုက်ပါ"
"ကျွန်တော့်ကိုလွှတ်ပေးရင်ကျွန်တော်စားမယ်"
"အဲ့တာကကျွန်တော်လိုက်လျောပေးနိုင်မယ့်ကိစ္စမဟုတ်တဲ့အတွက်စိတ်မရှိပါနဲ့"
"လိုက်လျောမပေးနိုင်ရင်ပြန်ယူသွားလိုက်ပါမစားဘူး"
"ဒါမဲ့.."
"အိပ်ရာဘေးကခုံပေါ်တင်လိုက်"

အိမ်တော်ထိန်းယွမ်စကားမဆုံးလိုက်ခင်တွင်ပဲအိပ်ခန်းတံခါးဝမှထွက်ပေါ်လာသောယောက်ျားသံကနှစ်ယောက်လုံးကိုတိတ်သွားစေသည်.
ထိုသူ့အသံတွင်လည်းမာန်ပါသောသြရှရှအသံတို့ကရောနှောလျက်

"ချန်သခင်လေး"

"အပြင်မှာစောင့်"

"ဟုတ်ကဲ့သခင်လေး"

🌠Shooting stars fulfill wishes🌠Where stories live. Discover now