အပိုင်း-၉

97 14 5
                                    


Unicode

မိုးစက်တို့ကကောင်းကင်မှမြေပြင်သို့ကျဆဲ..
ပတ်ဝန်းကျင်မှာမနက်ခင်းဖြစ်သော်လည်းမှောင်မည်းလို့နေသည်..
မြက်ခင်းတို့ကားစွတ်စိုလျက်..
ပြတင်းပေါက်မှန်တွင်လည်း မိုးရည်စက်တို့
ခေါင်းမိုးပေါ်သို့အရှိန်ပြင်းစွာရွာသွန်းသောမိုးကြောင့်

"ဒုတ် ဒုတ်"

ဆိုသောအသံကျယ်ကျယ်တို့ကိုကြားနေရသည်
မိုးပြင်းလေပြင်းသောကြောင့်တ ဝှီ ဝှီနှင့်
မိုးတစ်ခေါက်ခြိမ်းတိုင်းကျယ်လောင်လွန်း၍ပြတင်းပေါက်မှန်တို့ကပါတုန်ခါလျက်.
.
.
.
.
"ဖေးယွီ ...ဖေးယွီ "

ရင်းနှီးသောအသံနှင့်အတူ ပြောင်းလဲသွားသောပတ်ဝန်းကျင်..

ဘေးပတ်ဝန်းကျင်က လူစည်ကားနေပြီးမုန့်ဆိုင်မျိုးစုံနှင့်....

လူတစ်ချို့တဝက်ကလည်း ရိုးရာဝတ်စုံတို့ဖြင့်..

ထို့ကြောင့်ကိုယ့်ဘာကိုပြန်ငုံ့ကြည့်တော့ ကျွန်တော်လည်း အနက်ရောင်ရိုးရာဝတ်စုံနှင့်အနားတို့ကိုလည်းပန်းထိုးကွပ်ထားသည်..

"ဖေးယွီ.."

အလွန်ရင်းနှီးသော ထိုအသံကြောင့်ဘေးပတ်လည်ကိုဝေ့ဝိုက်ကြည့်တော့..

အပြာနုရောင်ရိုးရာဝတ်စုံနှင့်အဖြူရောင်ပန်းကွက်တို့ကိုဝတ်ဆင်ထားသောလူ..
တဖြည်းဖြည်းနှင့် အပေါ်ကြည့်တော့..

"လော်ယွင်ရှီး"

ဖြူစင်သောအပြုံးတစ်ပွင့်နှင့်အတူ သူ့ကိုလက်ယက်ခေါ်နေသောလော်ယွင်ရှီး..

"ဖေးယွီ လာလေ အဲ့မှာဘာရပ်လုပ်နေတာတုန်း"

"ကော ရှီကောကော"

ချစ်ရသူနာမည်ကိုခေါ်ရင်းမယုံနိုင်ခြင်းများစွာနှင့်အနားကိုလျှောက်သွားတော့အပြုံးနှင့်ကြိုနေသောကျွန်တော့်ရဲ့ကော..
ဟုတ်တယ် ကျွန်တော့်ရဲ့ကော

"ရော့ ဖေးယွီအတွက်ပါကောမုန့်ဝယ်ထားတယ်"
"ဘာတွေများလဲ "
"ဖွင့်ကြည့်လေ"
"ဗိုက်မဆာသေးလို့နောက်မှ"

ကျွန်တော့်နဖူးပေါ်ရောက်လာသောနွေးထွေးသောကောရဲ့လက်ဖဝါး..

🌠Shooting stars fulfill wishes🌠Where stories live. Discover now