အပိုင်း၃

110 24 1
                                    

Unicode

ထျန်းရီနှင့်တွေ့ပြီးတဲ့ရက်ကတည်းကမေမေတို့ကကျနော်တို့နှစ်ယောက်ကိုအမြဲအပြင်သွားခိုင်းသည် ထျန်းရီကိုလည်းအိမ်ကိုအမြဲဖိတ်သည် ဘာလိုလိုနဲ့ထျန်းရီနဲ့ခင်တာလည်း
၁လကျော်တော့မယ်
ထျန်းရီကခင်တာကြာလေ
နွေးထွေးပြီးသွက်သွက်လက်လက်ရှိသည့်မိန်းကလေးမှန်းရိပ်မိလာသည် ထျန်းရီရဲ့မျက်ဝန်းတွေကိုကြည့်မိတိုင်း ထျန်းရီရဲ့မျက်ဝန်းတွေဟာသိပ်ကိုရိုးရှင်းသည်
သူကျနော့်အပေါ်မှာခံစားချက်ရှိနေပြီဆိုတာကိုလည်းကျနော်အနေကြာလာတာနဲ့အမျှသိလာသည်
တစ်ယောက်သောသူရဲ့မျက်ဝန်းတွေနဲ့တော့သိပ်ကိုကွာခြားလွန်းတယ်

ငါဘာလို့အဲ့ကလေးကိုစဥ်းစားမိနေတာလဲ အင်းဒီတိုင်းမမြင်တာကြာလို့ဖြစ်မှာပါလေ

"ယွင်ရှီးကော...မနက်ဖြန်အားလားဟင်"

"အားပါတယ်ထျန်းရီ ဘယ်သွားချင်လို့လဲ"

"သွားချင်တာတော့မဟုတ်ပါဘူး ကော ဟိုလေ မနက်ဖြန်ထျန်းရီအိမ်ကိုကောတို့မိသားစုကိုထမင်းစားဖိတ်ချင်လို့ပါ မအားရင်လည်းရပါတယ်ကောကော ထျန်းရီကြောင့်အဆင်မပြေဖြစ်နေမယ်"

ထျန်းရီကပြောရင်းဆိုရင်းလက်မနှစ်ခုပွတ်ရင်းခေါင်းကိုလည်းအောက်ငုံ့ကာပြောသည်
ဒီကောင်မလေး စိတ်လှုပ်ရှားနေတာလား

"မဟုတ်တာ ထျန်းရီကလည်း အဆင်ပြေပါတယ် "
ကျနော်ပြောလိုက်တော့မျက်ဝန်းတွေကအရောင်တောက်ပြီးကျနော့်က်ို့မော့ကြည့်လာသည်
"နေ့လည်မလား"

ဆိုကာထျန်းရီခေါင်းလေးကိုဖွဖွပုတ်ကာမေးလိုက်တော့

"ဟုတ် ကောကော အဲ့ဆို ထျန်းရီကိုခွင့်ပြုအုန်းနော် မနက်ဖြန်အိမ်ကစောင့်နေမယ် ယွင်ရှီးကောကော ဘိုင်းဘိုင်း"

"ဟုတ်ပါပြီဗျာ "
ထျန်းရီကိုကြည့်ပြီးပြုံးရင်း လက်ရမ်းပြလိုက်သည်
ထျန်းရီကလည်းယွင်ရှီးကိုနောက်တကြိမ်လှည့်နှုတ်ဆက်ပြီးမှကားထဲဝင်သွားတော့ယွင်ရှီးလည်းအိမ်ထဲဝင်တော့သည်

အိမ်ပြင်ကကောင်လေးနဲ့ကောင်မလေးတို့ပျော်ရွှင်နေပေမယ့် ထိုမြင်ကွင်းကိုဘေးအိမ်ပေါ်ထပ်ပြတင်းပေါက်ကနေမတော်တဆမြင်လိုက်သူကတော့ သူတို့နှင့်အတူလိုက်မပျော်နိုင်ပဲတစ်ယောက်တည်းသာရင်ထဲ၌ငိုကြွေးနေတော့သည်..
__________________________________

🌠Shooting stars fulfill wishes🌠Where stories live. Discover now