အပိုင်း-၁၁

44 5 4
                                    

အားအနည်းငယ်စိုက်ထုတ်ဖို့တောင်သူ့ကိုဆိုဆန္ဒမရှိဘူးထင်ပါရဲ့...

ကားတံခါးကိုမှီပြီးရပ်နေတဲ့ချန်ဖေးယွီကဆေးလိပ်တလိပ်ကိုလည်းတချက်တချက်ရှိုက်နေတယ်

မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေနဲ့အတူရှေ့ကိုသာမှိုင်တိုင်တိုင်ငေးရင်း..

ယွင်ရှီးထွက်လာပြီးကားနားကိုလျှောက်လာလိုက်သည်

ဖေးယွီကအနက်ရောင်turtle neckနဲ့အတူအမည်းရောင် စတိုင်ပန့်ကိုတွဲဝတ်ထားသည်..အပေါ်ကလည်းအညိုရောင်ဂုတ်အရှည်ကိုထပ်ဝတ်ထားသည်

ဆေးလိပ်တဖွာဖွာနဲ့ဒီကောင်လေး
သူ့ရဲ့သဘောအတိုင်းတဇွတ်ထိုးလုပ်ထားပြီး သူကပဲအလိုမကျ စိတ်သောကရောက်နေတဲ့ပုံနဲ့

တွေးရင်းယွင်ရှီးခပ်ရွဲ့ရွဲ့ပြုံးလိုက်မိတယ်

ကားနားထိလျှောက်လာတဲ့ကျွန်တော့်ရဲ့တိမ်တိုက်လေးကတကယ်ကိုဖွက်ပြီးသိမ်းထားဖို့ကောင်းတဲ့ဖြစ်တည်မှုလေး
အဖြူရောင်sweaterထူထူလေးနဲ့အတူ
အနက်ရောင်ဘောင်းဘီကိုတွဲဝတ်ထားပြီးအပေါ်ကအမည်းရောင်အနွေးထည်ထူထူကိုဝတ်ထားပြီး ရိုးရိုးရှင်းရှင်းလေး‌ရယ်

ကားပေါ်နှစ်ယောက်လုံးတက်ပြီး ကားထွက်လာတာနဲ့တိမ်တိုက်လေးကဘေးကငြိမ်နေပြန်သည်

"ကော "

တဖက်ကစကားပြန်မလာခဲ့

တဖန်တိတ်ဆိတ်သွားတဲ့ လေထု

ဖေးယွီလည်းဆက်မပြောတော့ပဲကားပဲမောင်းလိုက်တော့သည်

မြိုပြင်ကနေတ‌ဖြည်းဖြည်းမြို့နားရောက်လာသည်

"ဘယ်သွားမှာလဲ"

ဒီတခါတော့ယွင်ရှီးဘက်ကမေးခွန်း

"ဘယ်သွားမယ်ထင်လဲ"

အမေးကိုအမေးနဲ့တုံ့ပြန်တဲ့ဖေးယွီကြောင့်ယွင်ရှီးဘက်ကသက်ပြင်းချသံသာထပ်ကြားလိုက်ရသည်

"သက်ပြင်းတွေဇွတ်ချမနေနဲ့လေ ကောအသက်တိုမယ်နော်"

ခင်များသာအသက်တိုမယ်ဆိုကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုပြီးပြန်ချင်ပေမယ့်လည်းမပြောဖြစ်

🌠Shooting stars fulfill wishes🌠Nơi câu chuyện tồn tại. Hãy khám phá bây giờ