အစ်ကို (၁)

358 30 0
                                    

Unicode -

သောကြာနေ့ဖြစ်တဲ့အပြင် ညနေစောင်းပြီမလို့
လူစုနေကျဖြစ်တဲ့ ပင်လယ်ဘက်က
မင်ဆော့အိမ်ကိုထွက်လာခဲ့တယ်။

" ဟေ့ကောင်
အိပ်စရာရှိတာအိပ်ပါကွ
ငါပြန်လာခဲ့မယ် "

​အိမ်တံခါးနားရောက်တော့
ခြေသံကြားသွားပုံရပြီး မှေးနေရာကနေ
ချက်ချင်းခေါင်းထောင်လာတဲ့ ကွတ်ကီး

အကောင်ကသာ ကိုယ့်အရပ်တစ်ဝက်လောက်အထိ
မြင့်မားကြီးထွားနေတာ
လုံးချင်းအိမ်တစ်ထပ်တိုက်ကလေးမှာ
သူရယ်ကိုယ်ရယ် နှစ်ယောက်တည်းရှိတာတောင်
အစာစားဖို့နဲ့ ကိုယ့်ကိုဖက်အိပ်ဖို့လောက်ပဲသိတဲ့
အညိုရင့်ရောင် ပူဒယ်အမျိုးအနွယ်ကြီး။

" အိပ်စမ်းပါ..
ငါ့အိမ်သူခိုးဝင်မဝင်ကြည့်ထားဦး
သွားတော့မယ် "

ခြံထဲချပြီးသားခြေထောက်ကိုတောင်
သူ့ပါးကြီးတွေနဲ့ လိုက်ပွတ်နေတဲ့ ကွတ်ကီး ကိုကြည့်ပြီး
ချန်းယောလ် ရယ်လိုက်မိတယ်။

ဒီလောက်ဖြစ်လှတာ..

" ကဲ.. လိုက်ချင်လည်း လိုက်ခဲ့ကွာ "

အိမ်ထဲပြန်ဝင်လို့ ခြံသော့လေးဆွဲယူရင်း
သားတော်မောင်ကို ပွတ်သပ်ပေးလိုက်တော့
အမွေးထူထူတွေက ချန်းယောလ် ဝတ်ထားတဲ့
အမည်းရောင် အနွေးထည်ပေါ်ကို ဖြာခနဲ..

" မင်းဟာလေ တကယ် အဆိုးအဆာလေးပဲ "

ရယ်ရင်းမောရင်း လမ်းလျှောက်လာတော့
သူ့စကားကို အသိအမှတ်ပြုသလို
ကွတ်ကီးက လမ်းလျှောက်နေတဲ့ ခြေထောက်ကြားထဲ
တစ်ပေခွဲမြင့်တဲ့ ကိုယ်လုံးကြီးမှ အားမနာ
တိုးဝှေ့နေတာ နှစ်ကောင်သားမှောက်လျက်လဲခါနီးမို့
သခင်ဖြစ်တဲ့ ကိုယ်ကငေါက်ရသေးတယ်။

ပင်လယ်နဲ့နီးလာတော့
ဆားငန်လေတွေက မျက်နှာကိုပါဖြတ်တိုက်သွားသလို
ဒီခံစားချက်က ဘယ်တော့မှ မရိုး..

နေလုံးနီနီက အခုဆို ပင်လယ်ရေပြင်ထက်
မေးလေးတင်ထားတုန်းမို့
နေရောင်စူးစူးက မျက်နှာမူရာနဲ့ကွက်တိဖြစ်နေသယောင်

​ကမ်းနားဘက်က အိမ်တန်းဆီသွားမှာကို
ရှေ့က သဲသောင်ပေါ် ပြေးပြီးလှဲချပစ်လိုက်တဲ့
​မိမိခွေးမမည်တဲ့ခွေးတူဝက်တူကြီးကြောင့်
ဟာ ခနဲ ဖြစ်ကုန်ရပြန်တယ်။

Glory Onde histórias criam vida. Descubra agora