FYI : KrisYeol fanfiction from the KY Day Special Fundraising Project 2021.
ပျက်ပြီးသားကမ္ဘာ ပြိုပြီးသားကောင်းကင်ရဲ့
တိမ်တိုက်တွေအောက်မှာ သူ့ကိုကျွန်တော်ပြန်တွေ့တယ်။" ဟေ့ တပ်ကြပ်ကြီး ငေးလှချည်လား "
ထေ့သံငေါ့သံရွှင်ပြပြနဲ့တကွ
ပခုံးပေါ်အိကျလာတဲ့ လက်တစ်ဖက်နဲ့အတူ
နားထဲကန့်လန်ဝင်လာတဲ့ ဂင်ဂျုံအင်းရဲ့နှုတ်ခွန်းဆက်သံ" မငေးပါဘူး "
" ဘယ့်နှယ့် မငေးဘူးသာပြောတယ်
အဆောင်ထဲကမျက်လုံးက လေ့ကျင့်ရေးကွင်းထဲက
ဟို ပတ်ခ်ကလေးဆီ ပြေးကပ်တော့မယ် "အာကျယ်အာကျယ်နဲ့စွတ်ဖွာနေတာ
ဘေးဘီဘယ်သူမှမရှိတာ သေချာကြည့်ရင်းမှ
ရိဖန် စိတ်အေးသွားတယ်။" တန်းလျားရောက်နေတာနော်
ဒု-တပ်ကြပ် ဂင်ဂျုံအင် သတိ "လေလိုအလျင်နဲ့ကိုယ့်ပခုံးပေါ်က
လက်တစ်ဖက်ဟာ သတိအနေအထားနဲ့
စက္ကန့်ပိုင်းအတွင်း အလေးပြုဖို့ရာကပ်ပြီးချပ်ပြီးသား" အဲ့တိုင်းနေ "
" ဟာ "
ရှုံ့မဲ့သွားတဲ့ သူ့မျက်နှာက
ပြောရင်တကယ်လုပ်တဲ့ ကိုယ့်အကြောင်း
သူ့လောက်သိတဲ့သူဘယ်သူမှမရှိလို့ပင်..ခပ်ညစ်ညစ်နဲ့ကျောခိုင်းထွက်လာတဲ့နောက်မှာ
သူ့ထက်အကြီးနဲ့တွေ့မှ သက်သာအနေအထား
ပြောင်းရမယ့် ဂျုံအင်ကတော့ ဖင်လိမ်ပြီးကျန်ခဲ့ပြီ။ငါ့ကို လာမွှေချင်ဦး ဂင်မျိုးရိုး..
ကော်ရစ်ဒါတစ်လျှောက် ရုံးခန်းရှိတဲ့
တတိယထပ်ကိုတက်ဖို့ကြံတော့
အပေါ်စီးကနေမြင်ရတဲ့မြင်ကွင်းက
ပိုပြီးကြည်လင်ပြတ်သားသွားသယောင်နဲ့..ကိုက်ရာချီကျယ်တဲ့လေ့ကျင့်ရေးကွင်းထဲ
မနက်ခင်းတစ်ပိုင်းပြေးပြီးလို့
တပ်ပြန်စုနေကြပြီ။ကျွန်တော့် ရင်နှစ်သည်းချာလေးကတော့
ခြောက်လိုင်းမြောက်မှာ တောင့်တောင့်လေးရပ်လို့
တန်းညှိရင်း နာမည်ခေါ်တာကိုစောင့်နေပုံ။ဘုရားစူး
ဒီမြင်ကွင်းကို မြင်ရဖို့
ကံကြမ္မာချပေးလိုက်တဲ့ ချိုင့်ခွက်ထဲ
ကျွန်တော် ဘုမသိဘမသိခုန်ဆင်းခဲ့မိတာပဲ။