All The Sunsets With You

424 37 1
                                    

Unicode -

" သေချာရဲ့လား "

" သေချာပါတယ်..
သွားတော့ ဂျော့ရှ် "

အဖေတူအမေကွဲ ညီလေးက
သူ့ကိုတော်တော်ဂရုစိုက်နေတော့
လက်ဖျံက ဆယ့်တစ်ချက်ချုပ်လိုက်ရတဲ့
လက်တစ်ဝါးစာဓားကွဲရာက ဘာမှမဟုတ်တော့သလို..

" မီလန်ကိုပြန်လိုက်ခဲ့ပါ "

" တော်ပါပြီ
ငါသက်သာရင်ပြန်လာခဲ့မယ်
ဒီတလောတော့နားချင်သေးတယ် "

" ဒါဆိုလဲ..
စိတ်အေးလက်အေးနားပါ "

ခေါင်းတချက်ဆတ်ပြပြီး
မျက်စိရှေ့ကပျောက်သွားတဲ့ ကျောပြင်အဆုံး
ဘေးကပ်လျက်က ပြတင်းကို လှမ်းကြည့်မိတော့
သံလွင်သီးတွေအတန်းလိုက်စီရီစိုက်ထားတဲ့
အစိမ်းရောင်အခင်းကြီးက မျက်စိတဆုံးလိုမျိုး..

မီလန်တို့ရုမ်းတို့က မိုးထိမတတ်
မြင့်မားနေတဲ့ ဆေးရုံတွေရဲ့ ကောင်းမြတ်မှုတွေဟာ
ဒီလိုတောရွာဒေသလေးရဲ့ကျန်းမာရေးစင်တာလေးမှာ
ဘယ်လိုများရနိုင်မတဲ့လဲ

လိုအီ သဘောပေါက်ပါတယ်။

ဒါပေမဲ့ မြင်ရတဲ့ ရှုခင်းကိုက
တစ်ဘဝလုံးစာစွဲမှတ်ထားဖို့ လုံလောက်နေတာ..

တက်စကန်နီရဲ့အောက်တိုဘာလဟာ
အီတလီမှာ အလှဆုံးလို့ တင်စားရတဲ့အထိ

​ဝင်ခါနီးနေမင်းနီနီက
သံလွင်ခင်းကြီးထဲ ဖြာကျလို့
မျက်လုံးထဲ တည့်တည့်လာစူးတဲ့နေရောင်ဟာ
မှန်ပြတင်းကိုဖြတ်လို့ နွေးမြမြအသွင်ဆောင်တယ်။

" တက်စကန်နီကို အခုမှရောက်ဖူးတာလား "

ရုတ်တရက်ထွက်လာတဲ့အသံသြသြကြောင့်
ခပ်မြန်မြန်သတိကပ်လိုက်မိတယ်။

အီတလီ က သိပ်လှမှန်း
ဒီနိုင်ငံမှာကြီးပျင်းတဲ့သူ့လောက်ဘယ်သူများ
ပိုသိနိုင်မတဲ့လဲ။

ခုနကမြင်ကွင်းထဲမှာ
ပြတင်းနားတိုးလာတဲ့ အရိပ်ကလေးတစ်ခုက
ကာကီရောင်ဘောင်းဘီကို အင်္ကျီအပြာရောင်လက်ရှည်
တံတောင်ဆစ်နားပင့်ခေါက်လျက်သားနဲ့
သူတစ်ဦးတည်း ခိုလှုံနေတဲ့ နေအလင်းကျရာနေရာကို
တစ်လှမ်းချင်း တိုးဝင်လာတယ်။

Glory Where stories live. Discover now