အစ်ကို

388 35 0
                                    

Unicode -

ဝီစီမှုတ်သံကြားတာနဲ့
ဒိုင်ဗင်ထိုးဆင်းလိုက်ရတဲ့ ခံစားချက်နဲ့အတူ
တစ်ကိုယ်လုံးကို လှုပ်ခါလို့ ရသမျှမြန်မြန်ရှေ့ကိုတိုးရတဲ့
ရေကူးပြိုင်ပွဲမှာ ထုံးစံအတိုင်း
​ကျောင်းကဗိုလ်စွဲခဲ့ပြန်ပါပြီ။

" ဟေး ဓာတ်ပုံရိုက်မယ်ဟေ့
နောက်ကလူတွေပါလာခဲ့ကြ "

နောက်ကလူတွေကိုပါလှမ်းခေါ်တဲ့
ဆရာ့ကြောင့် အစက ရေကူးသမားလေးယောက်ပဲ
တန်းစီရပ်နေတဲ့ ရေကူးကန်ဘေးမှာ
လူတွေစုသွားတယ်။

အဲ့ဒီအချိန်မှာ ရေစက်လက်နဲ့အေးစက်နေတဲ့
ကျွန်တော့်လက်ကိုလာထိတွေ့တဲ့
လက်နွေးနွေး...

" ဟင် "

" ပြုံးလေ ဓာတ်ပုံရိုက်နေပြီ "

လူတွေအရမ်းတိုးသွားတာကြောင့်
ကျွန်တော့်မျက်နှာက
သူ့ရင်ဘတ်ကိုပြေးကပ်လိုက်မိသေးတယ်။

ပြုံးလေဆိုလို့ပြုံးလိုက်ပေမယ့်
အဲ့ဒီလူဟာဘယ်သူလဲလို့
စဥ်းစားနေတာ ခေါင်းထဲမှာ ချာချာလည်...

သူ့ကို ကျွန်တော်...
မမြင်ဖူးပါဘူးလေ။

.
.
.
.

" ဘာတွေတွေးနေတာလဲ "

" အမှတ်တရတွေ "

ကျွန်တော်ပြောတော့
အစ်ကိုက နားမလည်တဲ့ပုံနဲ့ မျက်နှာရှုံ့တယ်။

" ကိုယ်ရောပါလား "

" မပါဘူးထင်တယ် "

ဆူပုတ်ပုတ်ဖြစ်သွားတဲ့
အစ်ကို့မျက်နှာကြောင့်
Chanyeol ပြုံးလိုက်မိတယ်။

အဲ့ဒီအတိတ်တွေမှာ သူပါတာပေါ့..

လေ့ကျင့်ရေးတက္ကသိုလ် ပထမနှစ်ကျောင်းသားတွေရဲ့
ကျောင်းပေါင်းစုံ ရေကူးပြိုင်ပွဲမှာစလိုက်တဲ့ ဇာတ်လမ်းက
နောက်နေ့ Chanyeol ဖုန်းထဲကို Wu Yifan ဆိုတဲ့နာမည်နဲ့
message တွေအဆက်မပြတ်ဝင်ရာကနေ
အစ်ကိုနဲ့သူ ရင်းနှီးခဲ့ကြပါတယ်။

" ကိုယ်သွားတော့မယ်
နောက်ကျနေပြီ "

" ဒါယူသွားဦးလေ "

မနက်ကသူ့အတွက်ဖျော်လာတဲ့
ပရိုတင်းဘူးကိုလက်လှမ်းပေးတော့
မကြားချင်ယောင်ဆောင်ပြီး
ကန်တင်းကနေထွက်သွားတဲ့သူ..

Glory Where stories live. Discover now