Unicode -
ကော်ဖီစက်သံတွေနဲ့ စကားတိုးတိုးပြောသံတွေပဲ
ပြည့်နေတဲ့ ဆိုင်ခန်းခပ်ကျဥ်းကျဥ်းထဲမှာ
Chanyeol အတွေးတွေကတော့
သူမတူအောင် ကျယ်လောင်နေပါတယ်။order စောင့်နေတဲ့
သူ့ရှေ့က လူကို သူရင်းရင်းနှီးနှီးကိုမြင်ဖူးပါတယ်။
သိလဲသိပါတယ်။ခဏလောက်ပဲ မြင်ဖူးပေမယ့်
အခုချိန်အထိ မြင်တာနဲ့မှတ်မိတာ
Chanyeol မှတ်ဉာဏ်ကောင်းလို့မဟုတ်ပါဘူး။ဒါဆိုရင် ဘာကြောင့်...
" ဒါလေးတစ်ခုယူမယ်နော် "
ဖန်ပုံးထဲက ဆိုင်ရဲ့ Menu အသစ်ကလေးကို
လက်ညှိုးထိုးပြတဲ့သူ့ကို
Chanyeol ခေါင်းအငြိမ့်မှာပဲ
မျက်နှာလွှဲသွားတဲ့ ထိုလူက
ဆိုင်ပေါက်ဝကို လှမ်းကြည့်တာ..ကောင်တာကိုကျော်ပြီး
မျက်စိကစားလိုက်တော့
လမ်းလျှောက်တတ်ကာစ
ကလေးမလေးက သူ့ဆီကို
တောက်တောက်တောက်တောက်နဲ့ လျှောက်လာတယ်။ငုံ့ပြီး ကလေးကိုပွေ့ချီလိုက်တော့
ပြန်ပေါ်လာတဲ့ သူ့မျက်နှာထက်
အပြုံးတစ်ပွင့်က ခပ်ကြီးကြီးရယ်.." သဲငယ်လေး ရောက်ပြီလား
မာမားရော "" နောက်မှာ "
သူ့လက်ထဲထွေးချီထားတဲ့
ကလေးမလေးက
တော်တော်လေးချစ်စရာကောင်းပါတယ်။ခုနက မှာထားတဲ့ Brownie တုံးလေးကို
ပန်းကန်ထဲထည့်ပြီး ဗန်းပေါ်တင်ပေးလိုက်တော့
လက်ခနဲဖြစ်သွားတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေ" ဟိတ်.. မာမားအတွက်နော်
Nini အတွက်မဟုတ်ဘူး "ဆူခနဲချွန်ထွက်လာတဲ့
နှုတ်ခမ်းတွေဟာ ထိုလူနဲ့ အတော်လေးကို
ဆင်တူနေခဲ့ပါတယ်။လှမ်းကြည့်လိုက်မိတဲ့
ပြက္ခဒိန်ဟာ 2020 ဆိုတဲ့ ခုနှစ်ကြီးကို
ထီးထီးကြီးအသားပေးထားတယ်။ဒါပေါ့.. နှစ်တွေလဲကြာခဲ့ပြီ။
လူတွေလဲပြောင်းလဲခဲ့ပြီပဲလေ..
အသက်သုံးဆယ်နားကပ်နေတဲ့အရွယ်မှာ
ကော်ဖီဆိုင်ဖွင့်ပြီး အထီးကျန်နေတာ
Chanyeol တစ်ယောက်ပဲရှိမယ်ထင်တယ်။