Sunflower

520 49 16
                                    

Unicode -

" ကျောင်းသားသစ်ပါ Wu Yifan လို့ခေါ်ပါတယ်
အားလုံးနဲ့ခင်ချင်ပါတယ် "

လူတကာသူတကာမော်ကြည့်ရမယ့်
အရပ်အမောင်းနဲ့ကိုမှ မတ်တပ်ရပ်လို့
ထိုင်လျက်နေသူ ရွယ်တူတွေကို နှုတ်ဆက်လိုက်တော့
ကျွန်တော့်တစ်ကိုယ်လုံး သိသိသာသာ စူးစိုက်ကြည့်ရင်း
ဆိုးလ်ကနေလာတာဆိုတဲ့ တိုးညှင်းညှင်း
ရေရွတ်သံတွေ တစ်ခန်းလုံးပျံ့နှံ့သွားတော့
ဘေးကဆရာမက ချောင်းတစ်ချက်ဟန့်တယ်။

ဒေသသံဝဲဝဲ.. အင်း အတိအကျပြောရရင်
ဂျယ်ဂျူဒေသန္တရလေသံဝဲခနဲ ငေါက်ငမ်းမှုအဆုံးမှာ
ကျွန်တော်ဟာ အတန်းရဲ့နေရာတစ်ခုမှာ
ထိုင်မိပြီးနေပြီ။

အတန်းပထမဆုံးနေ့မို့လို့
မိတ်ဆက်စကားလောက်သာ ပြောသွားတဲ့
ဆရာမ အတန်းထဲကထွက်သွားတဲ့အချိန်မှာမှ
ပင့်သက်ကိုရှိုက်ထုတ်လို့ စိတ်လက်ပေါ့ပါးမိတယ်။

ဘေးဘီဝန်းကျင် စူးစမ်းလိုက်တော့
ပြတင်းပေါက်ဘေးခုံကိုကျတာမလို့
စည်းချက်နဲ့လှိုင်းရိုက်နေတဲ့
ပင်လယ်ဘက်ကိုငေးမောလွင့်မျောနေခိုက်..

" ဟေ့.. မင်းအရပ်ကသိပ်မြင့်တာပဲ
ငါတို့ခင်ကြရအောင် "

သွက်လက်လန်းဆန်းနေတဲ့ သြရှရှအသံလာရာ
အတန်းထဲကို ခေါင်းပြန်လည်တော့
ကျွန်တော့်အဖြေကို မျှော်လင့်တကြီးစောင့်ဆိုင်းနေတဲ့
​နားကားကားလေးတစ်စုံ . . .

အင်း ပြီးတော့....

နေအလင်းအားကိုးကြောင့်
ပိုပြီးသွေးကြွနေတဲ့ ညိုလဲ့နက်မှောင်နေဆဲမျက်ဝန်းတွေ

" ငါ့နာမည်က Park Chanyeol
မင်းလိုခြေတံရှည်ရှည်တွေရှိအောင်
ငါဘာစားရမလဲ "

ဘယ်လိုနားလည်ရမလဲ

အတန်းထဲဝေ့ကြည့်လိုက်ရင် တစ်ယောက်ထိုင်စားပွဲခုံနဲ့
ဒူးနဲ့တိုက်နေတဲ့ ကျောင်းသားဆိုလို့
လက်ငါးချောင်းမပြည့်တဲ့အထဲ
သူနဲ့ကျွန်တော်ဟာ ထိပ်ဆုံးကဗိုလ်စွဲနေမဲ့ အနေအထား

" မင်းအရပ်ရှည်ပြီးသားပဲ "

" မဟုတ်ဘူး မင်းထက်ရှည်ချင်တာ
မင်းထက်ရှည်ရင်ရပြီ "

Glory Where stories live. Discover now