အစ်ကို (၃)

176 28 0
                                    

Unicode -

ညရောက်နေပေမဲ့
သော့ခတ်မထားတာကြောင့်
ခါးဝက်လောက်ရှိတဲ့ ခြံတံခါးလေးကိုတွန်းရင်း
အထဲဝင်သွားတော့..

" ရား... ဖယ် မလုပ်နဲ့ "

" မွှေးမွှေးပေးမယ်လေ "

" မလုပ်ပါနဲ့ဆိုနေမှ.. ကွတ်ကီးရေ
မင်းအဖေကိုလာဆွဲဦး "

လွန်ခဲ့တဲ့နှစ်ပတ်လောက်က
မျက်ရည်ခမ်းလို့ သေတော့မယ့် အထူးအဆန်း
မသာကောင်တွေလိုမျိုး ပြုမူနေတဲ့
အစ်ကိုနဲ့ ဖေဖေ့တပည့်တစ်ယောက်က
အခုကျတော့ နှာခေါင်းပေါက်လောက်ရှိတဲ့
အခန်းလေးထဲ ရုပ်ပျက်ဆင်းပျက်ကို
မူးရူးနေကြတာကို ရိဖန် အံ့အားသင့်နေရတယ်။

အသံကြားလို့ နောက်လှည့်ကြည့်တော့
ကိုယ့်ဆီကို တဟုန်ထိုးပြေးဝင်လာတဲ့
ခွေးကြီးကြောင့် ဖင်ထိုင်လျက်ကျတော့မလို့
နည်းနည်းလေး..

" မင်းကရော ဘယ်သူလဲ "

အစ်ကို့သူငယ်ချင်းတဖြစ်လဲ ဈာပနမှာမြင်ဖူးတဲ့
တစ်ယောက်က မသဲမကွဲမေးလာတာ
လုံးလုံးထွေးထွေး..

" ရိဖန်ပါ "

" ဝု "

" အာရှီး... ကွတ်ကီး လာထိန်းစမ်း
ငါပြန်တော့မယ် "

ရိဖန်ကိုအဖတ်တောင်မလုပ်ပဲ
မဟုတ်သေးဘူး..
မူးနေတော့ သူ့ကိုမြင်ရောမြင်ရဲ့လားမသိဘူး။

ခုနကခွေးက အစ်ကို့ဘေးနားသွားပြီး
​ခုနကလူ ထလိုက်တဲ့နေရာမှာ ဝင်ခွေတယ်။

" ဂင်ဂျုံအင် "

" ဘာလဲကွာ "

ဆိုဖာပေါ်မှာ ပက်လက်ဖြစ်နေရာကနေ
ပါးလေးထိုးပေးတဲ့ အစ်ကို့ကို
ဖြတ်ခနဲကောက်နမ်းလိုက်တဲ့ သူကြောင့်
ရိဖန် ထပ်တိုး အံ့သြမိပြန်တယ်။

ပြန်မြင်ယောင်မိတဲ့အဖြစ်အပျက်က
ဈာပနမှာ ငိုနေတဲ့သူ့ကို ဆွဲထူသွားတဲ့အစ်ကိုနဲ့
အစ်ကို့ပခုံးပေါ်မှာ နာရီပေါင်းများစွာ
အိပ်မောကျလျက်ရှိခဲ့တဲ့ အဲ့ဒီလူ..

ယိုင်တိုင်တိုင်နဲ့ထိုလူက
ရှေ့ကိုလျှောက်လာရင်း
ရိဖန်နားရောက်တော့..

" အိမ်တံခါးက အခုမပြင်သေးဘူး
မနက်ဖြန်မှပြန်လာခဲ့ချေ "

" ဘာ "

Glory Where stories live. Discover now