အစ်ကို (၄)

278 37 0
                                    

Unicode -

ကြပ်ကြပ်သပ်သပ် မွေ့ရာလေးပေါ်ကနေ
နိုးထလာရတဲ့ မနက်ခင်းက
ထင်သလိုတော့ကြည်နူးစရာမကောင်းပါ။

ကျိုးတော့မယ်လို့တောင်ထင်ရလောက်အောင်
တောင့်ခဲနေတဲ့ ခါးနေရာက ရိဖန်အတွက်တော့
အရှင်လတ်လတ်ငရဲကျနေသလို..

အခုထိ ဖက်ထားမိတဲ့ ရင်ခွင်ထဲကအစ်ကို့ကျောပြင်ဟာ
ဟောက်သံခပ်တိုးတိုးလေးနဲ့
အိပ်မောကျလို့ကောင်းနေတုန်း..

သူ့ကိုယ်နဲ့ပိနေတဲ့ ကိုယ့်လက်တစ်ဖက်ကို
ရိဖန်မထုတ်တော့ပဲ ကျန်တစ်ဖက်ကိုတော့လွှတ်လို့
ပက်လက်ဖြစ်အောင်လုပ်လိုက်တော့
ကျောတစ်ခြမ်းက မွေ့ရာပေါ်မရှိတော့ပဲ
ကြမ်းပြင်ကိုရောက်သွားတယ်။

မျက်နှာချင်းဆိုင်မိတဲ့ မျက်နှာကြက်မှာ
မိုးအရမ်းရွာရင် ရေယိုတတ်ပုံမို့
ရေစီးကြောင်း အရာတွေက အခုဆောင်းဦးမှာတော့
ခြောက်ကပ်ဝါညစ်လို့..

ဒီလို နေရာမှာ နေပျော်တဲ့ အစ်ကို့ကို
တစ်ချက်စွေကြည့်လိုက်ပြီး
ကရုဏာသက်မိတယ်။

မနေ့ညကလို သူအကြည့်မလွှဲနိုင်ခဲ့တဲ့ပါးပြင်တွေက
ဆောင်းဦးရောက်တိုင်း အေးနေတတ်တာလား။

ပျက်နေတဲ့ အပူပေးစက်ကိုရော
ဘယ်တော့များမှပြင်မှာလဲ။

နွေရာသီရောက်ရင်ရော
ကွတ်ကီးရဲ့ ရှမ်ပူအတွက် ဈေးဘယ်လောက်ကြီးကြီး
ပေးဝယ်ရသေးလဲ။

အသေးစိတ်ကျလွန်းနေတာက
ရယ်စရာကောင်းပေမဲ့
ဒီသေးသေးလေးတွေကပဲ
အစ်ကို့ဘဝတွေဖြစ်နေတာမဟုတ်လား။

ပုစွန်ထုပ်လိုကွေးအိပ်နေတဲ့
ကျောပြင်ကိုင်းကိုင်းကို
ရိဖန် ခေါင်းလှည့်ကြည့်ရင်း
မနေနိုင်တော့သလို ပြန်ထွေးဖက်မိတယ်။

သူ့ကိုချစ်ရတာ အစ်ကို့အတွက်
အရမ်းပင်ပန်းလွန်းတာပဲလား။

ညည်းသံနဲ့အတူ လူးလိမ့်လာတဲ့ ခန္ဓာကိုယ်ကို
ရိဖန် ပိုတင်းတင်းဖက်ထားလိုက်တယ်။

" ရိဖန် .. ဟင် "

" အင်း.. ကျွန်တော် "

" ဘယ်လိုလုပ်ပြီး.. မင်းက
အဲ.. ငါက ... ဟုတ်သားပဲ
ညကများသွားတာထင်တယ်
ဆောရီး "

Glory Where stories live. Discover now