Stay In My Arms***

207 25 3
                                    

" ဦးက ဒီမှာ.. Julia "

သူတို့နှစ်ယောက်လို လူကြားထဲထင်းနေမယ့်ကလန်ကလားအရပ်မျိုးရှိတဲ့သူတွေတောင် ရောနှောပျောက်ကွယ်သွားရလောက်တဲ့အထိ ကစားကွင်းထဲမှာ လူအရမ်းများနေပေမယ့် Ge ရဲ့ အသံအဆုံးမှာ လူကြီးတွေရဲ့ခြေထောက်တွေကြားကနေ ချက်ချင်းပြေးလာတဲ့ ကလေးမလေးဟာ ဒူးချထိုင်နေတဲ့ Ge ရင်ဘတ်ထဲကိုပြေးဝင်လာတာတန်းတန်းမတ်မတ်။

" မနက်စာ ဘာစားပြီးပြီလဲ "

" Toast "

ပွေ့ချီထားတဲ့လက်မောင်းပေါ်မှာ ကျကျနနထိုင်ပြီးမှ မပီမသအသံလေးပြုတဲ့ ကောင်မလေးဟာ Minnie Mouse ပုံစံ ဂါဝန်နီတာရဲလေးနဲ့ ဖြူဖြူဖွေးဖွေးလုံးလုံးကစ်ကစ်လေး။

" Daddy... "

Ge ရဲ့စကားမဆုံးသေးခင်မှာပဲ သူတို့ရှေ့ကိုရောက်လာတဲ့ ခြေတံရှည်ရှည်တွေ။ အာရှသားတွေထဲ ကိုယ့်ကိုယ်ကိုယ်မြင့်လှပြီထင်နေပေမယ့် ဒီလို အနောက်တိုင်းသားနဲ့ယှဉ်လိုက်တော့လည်း သူ့အရပ်ကဘာမှမဟုတ်တော့သလို နှာတဖျားလောက် နိမ့်ကျ ကျန်နေခဲ့တာကို Yifan မျက်မှောင်ကုတ်လိုက်မိတယ်။

" Julia ဘာလို့ အဲ့လောက်ပြေးတာမြန်ရတာလဲ
ချော်လဲရင်ဘယ်လိုလုပ်မလဲ "

" ကလေးကိုမဆူပါနဲ့ Peter "

သူ့ဘက်က ကာပြောပေးတာကို အင်မတန်မှသဘောခွေ့သွားတဲ့ပုံနဲ့ Ge ပါးတွေကိုဖွဖွလေးကိုင်ပြီး တခစ်ခစ်ရယ်နေတဲ့ကလေးမလေးနဲ့ သူတို့ကိုကြည့်ပြီး ပီတိပြုံးကြီးတွေဝေဆာနေတဲ့ ရှေ့ကလူကြောင့် ဘေးလူဖြစ်တဲ့ Yifan ပိုစိတ်ရှုပ်လာတယ်။

ဒါကဘယ်လိုအခြေအနေကြီးလဲ။

အခါအခွင့်သင့်နေတဲ့ ပိတ်ရက်ကြီးမှာမှ သွားစရာရှိတယ်ဆိုလို့ သူစီစဉ်ထားတဲ့ Date ကိုတောင်ဖျက်ပြီး လိုက်လာပေးခဲ့တာပဲကို။ Park Chanyeol က ဘာလုပ်ချင်နေတာလဲ။

သူ့ကို လက်စားချေချင်တာလား။ ဟိုနေ့က စိတ်ရူးပေါက်ပြီး ဆွဲထားခဲ့မိတာမို့ အခုထွက်သွားတော့လို့ ပြောချင်တာလား။

ထွက်သွားခိုင်းလို့ကတော့ ဒီလို လူလည်ကောင်မှာချက်ချင်း ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းပစ်မယ်လို့ Yifan ဆုံးဖြတ်လိုက်....

Glory Opowieści tętniące życiem. Odkryj je teraz