အစ်ကို (၂)

188 28 0
                                    

Unicode -

အနှစ်နှစ်အလလ ဘယ်လိုပဲ အင်္ဂတေကိုင်ကိုင်
နောက်ဆုံးတော့လည်း သဲတစ်ပွင့်ကြောင့်သာ
ဒီအိမ်ဟာပြိုခဲ့ရ..

သိပ်ကိုကောင်းမွန်လွန်းလို့
ပြန်မတွေးဖြစ်မိအောင်
အတတ်နိုင်ဆုံးကြိုးစားခဲ့ရတဲ့
ဘဝရဲ့ အကောင်းစားအချိန်တွေ..

ဘယ်သူပြောနိုင်မလဲ
ဘယ်သူပြောနိုင်မတဲ့လဲ
ငါရူးမသွားပါဘူးလို့ ဘယ်သူပြောနိုင်လို့လဲ...

---

အတိတ်ဆိုတာ အကိုင်အတွယ်မတတ်ရင်
သေတတ်တယ် တဲ့
ဒီလို ဆရာပြောဖူးတယ်။

လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက
နှစ်ဆယ်စွန်းစ ချန်းယောလ်ဆိုတာ
လောကကြီးရဲ့ ပေစုတ်စုတ် ဂျစ်ကန်ကန် နဲ့
စွဲနုတ်မရတဲ့ အငုတ်လေးတစ်ခု

မူလတန်းနောက်ဆုံးနှစ်မှာ မိဘမဲ့ဖြစ်ပြီးနောက်ပိုင်း
အမျိုးကောင်းလို့ လူလိုသူလိုနေနေရတာကို
ကံကောင်းတယ်လို့ မသတ်မှတ်ပဲ
လေလွင့်နေခဲ့တဲ့ စက္ကူစုတ်သာသာ..

အဖေ့ညီဖြစ်တဲ့ ဦးလေးရဲ့ စည်းစိမ်တွေကို
သူမမက်မောတာကတော့
အဒေါ့်ကိုကျေးဇူးဆပ်နည်းတစ်မျိုးပဲထင်ပါတယ်။

ဆရာနဲ့သူနဲ့ဟာ စတွေ့ကတည်းက
လက်သုံးစကားအရဆို ကီးမကိုက်ခဲ့ပါ။

ကီးကိုက်ပြီး စိုပြည်ရအောင်လည်း
ပေပေတေတေ နှစ်ဆယ့်သုံးနှစ် တက္ကသိုလ်ကျောင်းသားနဲ့
အငြိမ်းစားပါမောက္ခ အသက်ခြောက်ဆယ်အရွယ်
အဘိုးကြီး

" ဆရာရေ.. ကူညီပါဦးဗျာ
ဒီကောင်လေး အဆင်မှပြေပါ့မလား
ကျွန်တော့်မှာ သူ့ကြောင့်နဲ့စိတ်မအေးရဘူး "

စစတွေ့ကတည်းက
ဆရာ့ကိုနှာခေါင်းရှုံ့တဲ့ ဒီအမိုက်အမဲကို
အလိုက်မသိတဲ့ ဦးလေးက
အနားရောက်အောင် တွန်းပို့တယ်။

​လူချမ်းသာရပ်ကွက်ထဲ
ဘေးခြံကိုပြောင်းလာတဲ့
ဦးလေးရဲ့ စီးပွားဖက် ဆိုတာ
ဆရာ့ဇနီးတဲ့..

အနေအထားဟာ ရုန်းပစ်လို့မရသလို
ထွက်ပြေးဖို့တောင် မတတ်သာခဲ့..

" ဒီမှာ ဦးလေးကြီး "

" မင်းဦးလေးထက်တော့ ငါကြီးပါတယ်ကွ
အဘိုးလို့ခေါ်ချင်လား "

Glory Where stories live. Discover now