06

616 59 31
                                    

Unicode -

သူလား..
သူက လူရိုးကြီး

ရှေးကျပြီး ရှေးအယူအဆတွေကြားထဲနေရတာ
ပျော်မွေ့တာ..

အတွေးအခေါ်တွေကအစ ဆွေးမြည့်နေတတ်ပြီး
ရိုးလွန်းလို့ ကလေးငယ်တစ်ယောက်က
လှည့်စားရင်တောင် သိသိကြီးအလှည့်စားခံတဲ့သူ..

လိုက်လျောညီထွေမနေတတ်ပဲ
သူ့အကြိုက်တွေသူ့စာအုပ်တွေကြားထဲမှာပဲ
ပျော်မွေ့နေတတ်တာ

ကျွန်တော့်ကို စပြီး ချစ်ခွင့်ပန်တုန်းက
အဲ့ဒီလူကြီး ဘယ်လောက်ရှက်နေသလဲဆိုရင်

" မင်းသိဖို့မလိုပေမယ့်
ကိုယ် မင်းကိုချစ်တယ် "

" သိဖို့မလိုရင် ပြောမနေနဲ့လေ
ကျွန်တော်ကရော ပြန်ချစ်မယ်ထင်လို့လား "

အမြဲလိုလို အေးချမ်းနေတတ်တဲ့သူ့မျက်နှာက
အဲ့တုန်းက ပြာယာခတ်သွားပြီး
ကြံရာမရဖြစ်သွားတာ
ကျွန်တော် အသေးစိတ်မှတ်မိပါ့

" အဲ.. အဲ့လိုတော့မဟုတ်ဘူးလေ
မသိတော့ဘူး Chan ရာ "

ကျွန်တော့်ထက်အသက် ရှစ်နှစ်တိတိကြီးတဲ့
အဲ့ဒီ့ 89 ဖွားကြီးက
အဲ့တုန်းက အသက် 20 ကျွန်တော့်ကို
သားရေးမယားရေး ကြံနေခဲ့ပါသတဲ့လေ

" မသိရင်သိအောင်လုပ်
ကိုယ်တိုင်တောင်မသိပဲ လာပြောနေတယ်
မတော်လို့ ကျွန်တော်က ပစ်သွားရင် ဘယ်လိုလုပ်မလဲ
ခင်ဗျား ငိုနေရမှာနော် "

မှန်းရခက်တဲ့ လူ့စိတ်တဲ့
ကြားဖူးမယ်ထင်ပါတယ်

ကျွန်တော်ကတော့ မျောက်စိတ်ကလေးကို
ပိုင်ဆိုင်ထားမိတဲ့အတွက်
ပိုလို့တောင် အမျိုးစုံကြိုးခုန်ဖြစ်နေတဲ့
ခံစားချက်တွေက.. အဲ့လူအေးကြီး Wu Yifan ကိုမှ
သဘောကျလို့ အနားမှာကပ်နေမှအဆင်ပြေမယ်တဲ့

တကယ်လည်း သူ့အနားမှာ
လျှောက်ကပ်နေမှ နေသာထိုင်သာရှိခဲ့တာပါ

ဂီတဆရာဖြစ်တဲ့သူ..
Ballad တွေချည်းပဲ တစ်နေ့လုံးတစ်ညလုံး
နားထောင်တတ်ပြီး
ရှေးခေတ်ဇာတ်ကားတွေဟာ
သူ့ဘဝရဲ့ အဓိပ္ပာယ်တွေဖြစ်နေတတ်တဲ့
သံစဥ်ထက် စာသားကိုသာ
အလေးပေးတတ်တဲ့ အဲ့ဒီလူရိုးကြီးကို

Glory Onde histórias criam vida. Descubra agora