The Thing Called Love 🌹

85 6 1
                                    

Episode 10

" ဟလို ကိုပြော "

" သဲအိမ်ပြန်ရောက်နေပြီလား "

" ပြန်ရောက်ပြီ "

" ကို့ဆီတောင် လာနှုတ်ဆက်မသွားနော် "

" ဘွတေး ဘွတေး အိမ်က ဖေဖေက ဖုန်းလှမ်းဆက်နေလို့ အမြန်ပြန်သွားရလို့ပါ စိတ်မဆိုးနဲ့နော် "

" ယောက်ခထီးကြီးက သူ့သမီးလေးကို တွန့်တိုလိုက်တာ သဲဘယ်တော့ ကိုတို့အကြောင်း သဲအဖေကိုပြောပြမှာလဲ "

" ပြောပါ့မယ်ကိုရယ် သဲကိုအချိန်ပေးပါဦး "

" ဘာလဲ သဲကကို့ကိုမယုံလို့လား ကိုက သဲကို လက်ထပ်ဖို့ထိရည်ရွယ်ထားတာပါနော် ကို့အိမ်ကလူတွေဆိုသဲအကြောင်းအကုန်သိနေပြီပဲကို "

" အကို့ကိုယုံပါတယ်ကိုရယ် သဲဘက်ကလဲ အဆင်မပြေသေးလို့ပါ သဲ မေမေ့ကိုအရင်ပြောပြထားပေးမယ်လေ ပြီးမှ ဖေဖေ့ကို ပြောပေးမယ် "

ကို့ကိုယုံပါတယ် သဲကိုယ်သဲမယုံတာပါ သဲကို့ကို တကယ်ချစ်ရဲ့လား မသေခြာတော့ဘူး သဲဘာဆက်လုပ်ရမလဲကို သဲမွန်းကြပ်လှပြီ ဒီအခြေနေကြီးကနေရုန်းထွက်ချင်ပေမဲ့ ရုန်းလေနစ်လေဖြစ်နေမိပြီထင်တယ် ကို့ကိုလည်းအားနာတယ် သဲဘာလုပ်ရမလဲမသိတော့ဘူးကို ဘာပဲဖြစ်ဖြစ်သဲကိုတကယ်ချစ်တဲ့ကို့ကို မနာကျင်စေချင်ဘူး သဲကိုယ့်ကိုချစ်တဲ့လူတစ်ယောက် ဆုံးရှုံးသွားမှာလဲ သဲမလိုချင်ဘူး သဲအတ္တကြီးသလိုများဖြစ်နေပြီလားကို

" အွန်း ရပါတယ် အဲ့တာကြောင့်သဲကိုချစ်နေရတာ အာဘွား အာဘွား မွှ မွှ "

" တော်ပါ အပိုတွေ "

" တကယ်ချစ်တာ မပိုဘူး မယုံရင် ရင်ဘက်ထဲဝင်ကြည့်မလား "

" စကားတတ်တိုင်းပြောနေတဲ့ ကြက်တူရွေးလေး "

" သဲနဲ့မှစကားတတ်တဲ့ ကြက်တူရွေးလေးပါ "

" ဟုတ်ပါပြီရှင် ဒီကလဲချစ်ပါတယ်နော် "

" ညည့်နက်နေပြီအိပ်တော့ ကိုလဲအိပ်တော့မယ် တော်ကြာ အိပ်ရေးပျက်ရင် ပန်ဒါမလေးဖြစ်နေမယ် "

" ပန်ဒါမလေးဖြစ်ရင် မချစ်တော့ဘူးလားပြော "

" ဘာဖြစ်ဖြစ်ချစ်မှာပါနော်ကိုက "

The Thing Called Love 🌹[ Season 1 ]Where stories live. Discover now