The Thing Called Love 🌹

146 9 0
                                    

                         Episode 3

ကျွန်တော့်စိတ်ကိုကျွန်တော်ထိန်းရမယ် ကျွန်တော် မမသဲနဒီကို ချစ်လို့မဖြစ်ဘူး...

                           🎭🎭🎭

"အမ မြန်မြန်လေးပြင်ပေးပါလား သုံးနာရီအရောက်သွားရမှာမို့
မေမေရော ဖေဖေ့ကို ph ဆက်ပြီးပြီလား သုံးနာရီကထိုးတော့မှာ"

"ဆက်ပြီးပါပြီဟဲ့ အဲ့သလောက်လဲလောမနေပါနဲ့ စိတ်ကိုအေးအေးထား"

"မဟုတ်ဘူး မေမေရေ ကျောင်းက Ph ဆက်ခေါ်လှပြီ
မောင်လေး မိတ်ကပ်ပြင်ပြီးရင် အဝတ်မြန်မြန်လဲထား"

သည်နေ့ the whole welcome နေ့
နေ့လည်ကတည်းက သဲနဒီ အလုပ်ရှုပ်နေရတယ်
မိုးထက်ကိုလဲ မိတ်ကပ်ကအစ တာဝန်ယူစီစဉ်ပေးရသေးသည် မနက်ခင်းကျောင်းလည်းတက်ရသေးသည်မို့ အချိန်ကသိပ်မလောက်
သည်ကြားထဲ မိတ်ကပ်ဆရာမကို စောင့်နေရသည်က အချိန်တော်တော်ကြာသည် သူလဲ သူ့ဖောက်သည်တွေကြားကအပြေးလာခဲ့ရသည်မို့ အပြစ်တော့မဆိုသာ
ကျောင်းသားသမဂ္ဂက ပွဲစီစဉ်သူတွေကလည်း ဖုန်းတဂွမ်ဂွမ်ဆက်ပြီးဆော်ဩမှုပြုနေတော့ သဲနဒီ ပိုစိတ်မောရ၏
ပြောရင်းဆိုရင်းအိမ်ရှေ့က ကားရပ်သံကြားလိုက်ရတယ် ဖေဖေရောက်ပြီထင်တယ်
အလုပ်မအားတဲ့ကြားကဖေဖေ့ကို အကူညီတောင်းရသည်မို့ အားတော့နာမိသည်...

"မောင်လေး ပြီးပြီလား ကားရောက်နေပြီ"

"ပြီးပြီ ပြီးပြီ လာပြီ မသဲ"

                                  🚗🚗🚗

ကျောင်းဝန်းတစ်ခုလုံးလှုပ်လှုပ်ရှားရှားဖြစ်နေသည် မေဂျာအလိုက်အကအဖွဲ့များကလည်း သူ့အဖွဲ့နဲ့သူစုရုံးစုရုံးနေနေကြသည့်အပြင် ကျောင်းသားကျောင်းသူများ၏ လှပတောက်ပြောင်သောသောအဝတ်အစားအဆင်အယဉ်များကြောင့် ရောင်စုံပန်းခင်းကြီးထဲရောက်နေသည့်အလားထင်မှတ်ရသည်
မေဂျာအလိုက်ရောင်းချကြသော စားဖွယ်သောက်ဖွယ်များမှထွက်ပေါ်လာသော ရနံ့များကလည်း သွားရည်ယိုချင်စရာပင်
King selection တွေအတွက်စီစဉ်ထားသောအခန်းသို့ မိုးထက်ကိုလိုက်ပို့ပြီးနောက် သဲနဒီ ရွှန်းသိင်္ဂီတို့ အကအဖွဲ့ရှိရာသို့ထွက်လာသည်
အကအဖွဲ့ရှိရာအခန်းသို့ရောက်ရောက်ခြင်း ရွှန်းသိင်္ဂီ၏ နှုတ်ခွန်းဆက်သသံကိုကြားရတော့သည်

The Thing Called Love 🌹[ Season 1 ]Where stories live. Discover now