The Thing Called Love 🌹

89 7 0
                                    

Season 1 ( Kyaw Khant and Zwel Pyae Special Episode 1 )

1st sem Exam အတွက် စာကျက်ရက် မပိတ်ပေးခင်တစ်ပတ်အလို.....

" ဟိတ် ငါဘာသတင်းထူးသိလာတယ်ထင်လဲ မှန်းကြည့်စမ်း "

သီရိတစ်ယောက် အခန်းထဲသို့ ငါးခူပြုံးကြီးနဲ့ဝင်လာပြီး ဇွဲပြည့်နှင့် မင်းခန့်ရှေ့ကခုံသို့ ဝင်ထိုင်လိုက်သည်

" ပြောပါဦး နင့်သတင်းထူး ငါသိထားတဲ့ သတင်းလောက်ထူးလားလို့နားထောင်ကြည့်ဦးမယ် "

မင်းခန့်လည်း အောင်နိုင်သူအကြည့်နဲ့ သီရိကိုကြည့်ပြီး တစ်ချက်ပြုံးပြလိုက်သည်
ဘေးနားကဇွဲပြည့်ကတော့ နံရံကိုမှီကာ ကုတ်ကုတ်လေးထိုင်ရင်း လွယ်အိတ်နဲ့ မျက်နှာကို မျက်နှာကိုကာလျက်...
စိတ်ထဲတွင်တော့ အငွေ့ပျံပြီးပျောက်ကွယ်သွားဖို့သာ ဆက်တိုက်ဆုတောင်းနေမိတော့သည်

" ဘာလဲ နင်က ဘာသိထားလို့လဲ "

" နင့်သတင်းသာ အရင်ပြောပါ "

" Ok ငါဒီနေ့ ကန်တင်းဘက်မှာ မုန့်ဝယ်နေတုန်း ဘယ်သူ့ကိုတွေ့ခဲ့တယ်ထင်လဲ "

" ကိုကျော်ခန့်မလား "

" ဟယ် နင်သိပြီးသားပေါ့လေ "

" ဒါပေါ့ သိရုံတင် ဘယ်ကမလဲ
ဒီနေ့.... ကိုကျော်ခန့် ကျောင်းလာတော့ ဘယ်သူနဲ့ ရောက်ချလာတယ်ထင်လဲ "

" ဘယ်သူလဲ ? .....မဟုတ်မှ.....ဇွဲပြည့်လား "

မင်းခန့် လက်ဖျောက်တစ်ချက်တီးပြီး ခေါင်းငြိမ့်ပြလိုက်သည်

" O ... M ... G ... ဇွဲပြည့် နင်တို့ပြန်အဆင်ပြေသွားတာလား ဒါမှမဟုတ်
အိုး!!!.....တွဲနေကြပြီလား !?!?!? "

သီရိရဲ့ အော်သံကြောင့် တစ်ခန်းလုံးရှိ လူတွေ၏ အကြည့်တွေက သူတို့သုံးဦးဆီရောက်လာတော့သည်
ဇွဲပြည့်လဲ ပြာပြာသလဲ ထပြီး သီရိပါးစပ်ကို လက်ဖြင့်ပိတ်ကာ တားရတော့သည်

" သည်ဖေ... ရှက်စရာကောင်းအောင်ဘာလို့အော်နေတာလဲ တိုးတိုးပြောပါဟ "

" Ok ok ok Sorry "

" ဇွဲပြည့် ငါတို့ကို အမှန်တိုင်းပြော မင်းတို့တွဲနေကြပြီလား "

The Thing Called Love 🌹[ Season 1 ]Where stories live. Discover now