The Thing Called Love 🌹

93 7 0
                                    

Season 1 ( Kyaw Khant and Zwel Pyae Special Episode 2 )

အိပ်ယာကနိုးနိုးခြင်း နှာခေါင်းအတွင်းသို့ဝင်ရောက်လာသည့် အနံ့တစ်ခု
ထိုအနံ့က ဇွဲပြည့်၏ အာရုံကို အပြည့်အဝဆွဲဆောင်ထားလေတော့သည်

" ဒီအနံ့..... ဒီအနံ့က.....အမေ ဒီနေ့ အုန်းနို့ခေါက်ဆွဲလား "

အနံ့လာရာမီးဖို‌ခန်းဘက်သို့ပြေးကာ အုန်းနို့ခေါက်ဆွဲချက်နေသော မာတာမိခင်ကို ပြေးဖက်လိုက်သည်

" အား... ဒါကြောင့် မေကြီးကိုချစ်တာ နိုးလာလဲက အုန်းနို့နံ့လေးကိုသင်းနေတာပဲ ဗိုက်တောင်ဆာလာပြီ "

" ကိုယ့်သားလေးစာမေးပွဲတွင်းဆိုတော့လဲ သားအကြိုက်ချက်ပေးရတာပေါ့ "

" နည်းနည်းလောက် မြည်းကြည့်ချင်လို့ "

" သွား မျက်နှာအရင်သွားသစ် ညစ်ပတ်အိုးလေး "

" ဟုတ်ကဲ့ပါ ဒါနဲ့ အဖေရော "

" ခေါက်ဆွဲဖက်သွားဝယ်နေတယ် ပြန်ရောက်တော့မှာပါ နင့်အဖေပြန်လာရင် ထည့်စားရုံပဲ "

ဇွဲပြည့်တစ်‌ယောက်မျက်နှာ အမြန်သစ်ပြီး  ခေါက်ဆွဲဖက်သွားဝယ်သော အဖေပြန်လာချိန်ကိုစောင့်နေတော့သည်
စောင့်ရင်းနဲ့စိတ်မရှည်တော့
ဗိုက်ထဲမှာ ဘင်ခရာတီးသံ ဆူညံနေပြီ

" အဖေကလည်း ကြာလိုက်တာ "

" ဟုတ်ပါရဲ့ ဒါလေးဝယ်တာကို သား နင့်အဖေဆီ ဖုန်းဆက်ကြည့်လိုက်ဦး "

" ဟုတ်အမေ "

ဖုန်း Contacts ထဲရှိ အဖေ့နံပါတ်ကို ခေါ်ရန်ပြင်နေချိန် အခန်းတံခါးဖွင့်သံကြားလိုက်သည်

" ဟော ပြန်လာပြီ ထင်တယ် "

ကြိုက်မရှက် ငိုက်မရှက် ငတ်မရှက်ဆိုသလို ဗိုက်ဆာနေချိန်မို့ ခေါက်ဆွဲထုတ်သယ်ပေးရန် တံခါးဆီသို့ အပြေးလွှား ပြေးလာလိုက်တော့သည်

" အဖေ သားခေါက်ဆွဲထုတ်သယ်ပေးမယ် "

အဖေ့လက်ထဲမှခေါက်ဆွဲထုတ်ကိုယူရင်း အဖေ့နောက်မှာ ကပ်ပါလာသော မျှော်လင့်မထားသော သူတစ်ယောက်ကိုတွေ့လိုက်ရသည်

" ဟင်...ကိုကျော်ခန့် "

" ဟုတ်တယ်သားရေ အဖေသွားတဲ့ဆိုင်က ခေါက်ဆွဲဖက်က ကုန်နေလို့ တော်သေးတာပေါ့ မောင်ကျော်ခန့်နဲ့တွေ့လို့ "

The Thing Called Love 🌹[ Season 1 ]Where stories live. Discover now