The Thing Called Love 🌹

94 6 0
                                    

                          Episode 5

" အာလူးကြော် ငါးထုတ် ၊ Coca Cola ခြောက်ဗူး ၊ အချဉ်ပေါင်း
ဇွဲပြည့်အချဉ်ပေါင်းကဘယ်ဟာဝယ်ခဲ့ရမလဲ "

" အဆင်ပြေတာသာဝယ်လိုက်ဗျာရတယ် နောက်ကျနေပြီမြန်မြန်လုပ် "

" မင်းလမ်းကျစားရအောင် စေတနာနဲ့ဝယ်ပေးနေတာကို ရွေးမပေးချင်နေငါ့ဘာသာရွေးမယ်
ဒါနဲ့ မင်းဘီယာသောက်တတ်လား အကိုမီးပုံပွဲမှာသောက်ရအောင်ဝယ်ခဲ့မလို့ "

" အကို့သဘောဗျာ မြန်မြန်ဝယ်ပါဆို "

ကျော်ခန့် သွားပေါ်ရုံလောက်လေး တစ်ချက်ခိုးရီလိုက်သည်
မျက်မှောင်ကျုံ့ထားပြီး စိတ်မရှည်သည့်ဟန်နဲ့ပြောလိုက်တဲ့ ဇွဲပြည့်ရဲ့အမူယာလေးကအစ သူ့အမြင်အာရုံထဲတွင်တော့ ချစ်စရာကောင်းနေတော့သည်

🎶🎶Don't go look at me with that look in your eye🎶🎶You really ain't going away without a fight🎶🎶You can't be reasoned with, I'm done being polite🎶🎶

" မအားတဲ့အချိန်ဆိုဖုန်းကလာပြီ
ကဲ ပြော ဘယ်သူလဲ ဘာကိစ္စလဲဗျ "

" ငါ ငါ ကိုသန့် မင်းမလာသေးဘူးလား မင်းနှင့် 1st yr က တစ်ယောက်ပဲကျန်တော့တာ "

" မုန့်ဝင်ဝယ်နေလို့ပါဟ လာပြီ ခဏပဲစောင့် ဇွဲပြည့်လဲငါနဲ့အတူရှိတယ် လာပြီလာပြီ  ကားပေါ်ကလူတွေလဲ ပြောပေးထားဦး "

ဖုန်းပြောပြီးသွားသည်နဲ့တစ်ပြိုင်နက် ဇွဲပြည့်၏ဩဝါဒသံများကိုကြားရလေတော့သည်

" ကဲအခုတော့ဖုန်းဆက်ခေါ်နေပြီမို့လား ကျွန်တော်ပြောပါတယ် မြန်မြန်လုပ်ပါလို့ဆိုတာကို ကျွန်တော့်ဘာသာကျွန်တော်သွားရင်အခုဆိုရောက်နေလောက်ပြီ အကိုနဲ့လိုက်မိတာ တကယ်မှားတာပဲ လာမခေါ်ပါနဲ့ဆိုတာလဲမရ အခုတော့နောက်ကျပြီ "

" ကဲတော်ပါပြီ အဖိုးလေးရယ် ပေါက်ပေါက်ဖောက်မနေပါနဲ့တော့ ပြီးပြီ ပြီးပြီ လာသွားကြစို့ "

ကျော်ခန့်တစ်ယောက် တွေ့ရာမုန့်တွေအကုန်ဆွဲယူပြီး ငွေအမြန်ရှင်းကာ ထွက်လာတော့သည်
ဟိုကိုရောက်တော့ လူတွေအကုန်ကားပေါ်မှာနေရာယူပြီးနေကြပြီဖြစ်သည်
ကားပေါ်မတက်ရသေးသူဆိုလို့သူတို့နှစ်ယောက်နှင့် သူတို့ကိုစောင့်နေသော စီနီယာအမတစ်ယောက်သာ

The Thing Called Love 🌹[ Season 1 ]Where stories live. Discover now