The Thing Called Love 🌹

223 10 0
                                    

                            Episode 2

One month later...

🎶🎶🎶It feels like you don't care. Oh why don't you recognize I'm so rare? Always there. You don't do the same for me. That's not fair 🎶🎶🎶

ရုတ်တရက်ထမြည်လာသည့် Ph သံကြောင့် သဲနဒီအိပ်ရာမှနိုးလာသည်
ခေါင်းအုံးဘေးက လက်ပတ်နာရီကိုကြည့်လိုက်တော့ ခုနှစ်နာရီခွဲ

" ဘယ်သူလဲဟာ စနေနေ့ကြီးကို စောစောစီးစီး "

မထချင်ထချင်နဲ့ အိပ်ရာထက်မှကြိုးစားထပြီး Ph screen ကိုကြည့်လိုက်တော့
"မိုးထက် " ဆိုတဲ့ နာမည်လေးက အထင်းသား

" မောင်လေးမိုးထက်ပြော
စောစောစီးစီးဘာကိစ္စလဲ "

" နှောက်ယှက်သလိုဖြစ်သွားရင် sorry နော် မမ
ကျွန်တော်မနေ့ကပြောဖို့မေ့သွားလို့
ဟိုဟာလေ welcome အတွက် video project လုပ်ဖို့ King Queen တွေနဲ့ Club တွေကို သည်နေ့မနက်ရှစ်နာရီအရောက်ခေါ်ထားတာ  အဆင်ပြေရင်လိုက်ပို့ပေးလို့ရမလား "

" ရပါတယ် မမပို့ပေးမယ် ခဏ‌တော့စောင့်ဦး အခုမှအိပ်ရာနိုးတာမို့ ဘာမှကိုမလုပ်ရသေးဘူး "

" မမအဆင်မပြေရင်လည်း ကျွန်တော် Oway ငှားသွားလိုက်ပါမယ် "

" ပို့ပေးပါမယ်ဆိုနေ ခဏစောင့် မမအမြန်လုပ်ပြီးလာခဲ့မယ် "

" ဟုတ်မမ ဒါဆို ကျွန်တော်စောင့်နေမယ်နော် "

                          🧖🏻‍♀️🧖🏻‍♀️🧖🏻‍♀️🧖🏻‍♀️🧖🏻‍♀️

ကျောင်းထဲတွင် ပိတ်ရက်ဖြစ်သော်လည်း Club အတွက်ရော King Queenအတွက် ရောပါ တစ်ပြိုင်ထဲရိုက်ကူးရသည်မို့လားတော့မသိ လူများစည်ကားနေသည်
ရိုက်ကူးရေးကို အစဆုံးတာဝန်ယူထားရသော SU မှ ကျောင်းသားကျောင်းသူများလည်း လူစစ်သည့်လူကစစ် အချိန်မှီရောက်မလာသေးတဲ့လူများကို Ph ခေါ်သူကခေါ်နဲ့ အလုပ်ရှုပ်နေကြသည်
မိုးထက်တို့ Japan major အဖွဲ့ကို ရှာရင်းဆင်ဝင်‌အောက်ရှိ လှေကားရင်းမှ German major မှကလေးများက သဲနဒီကို လှမ်းခေါ်လိုက်သည်

" မသဲ "

" ဟာဇွဲပြည့်နှင့် သီရိပါလား မင်းတို့ကဘယ်တော့ရိုက်ရမှာလဲ "

" ကျွန်တော်တို့က Korea major ပြီးမှ "

" ဟိုဟာလေ Japan major ကလူတွေဘယ်ဘက်မှာလဲသိလား "

The Thing Called Love 🌹[ Season 1 ]Wo Geschichten leben. Entdecke jetzt