The Thing Called Love 🌹

147 5 0
                                    

Season 1 ( Kyaw Khant and Zwel Pyae Special Episode 3 ) ( S1 End )

ကိုကျော်ခန့် ကျွန်တော့်အိမ်လာပြီးလေးရက်မြောက်နေ့ ....

စာမေးပွဲဖြေဖို့ သုံးရက်သာလိုတော့သည်
သူငယ်ချင်းတွေနဲ့လည်းမစုံရတာကြာပြီမို့ ဦးနှောက်ဆေးသည့်အနေနဲ့ ဈေးသက်သာပြီး အရသာရှိသောအစားစာများအတူဝိုင်းဖွဲ့စားသောက်ကြရန် ဆိုင်တစ်ဆိုင်တွင်စုံကြဖို့အရေး မနေ့ညကတည်းက ကြိုတင်စီစဉ်ချိန်းဆိုထားပြီးဖြစ်သည်
အစီစဥ်ထဲတွင် ကိုကျော်ခန့်မပါပေမဲ့ တားဆီးမရဘဲ အတွင်းတွယ်ကပ်လိုက်ပါလာသောကြောင့် ဇွဲပြည့်တစ်ယောက်ခေါင်းခြောက်နေရပြီ
ဆိုင်ရောက်တော့ ထင်ထားသည့်အတိုင်း မယ်မင်းကြီးမနှင့် မောင်မင်းကြီးသားတို့ရဲ့စနောက်ခြင်းကို လူးလိမ့်နေအောင်ခံနေရပေမဲ့
ကိုကျော်ခန့်ကတော့ ဒင်းတို့နှစ်ယောက်စသမျှကို ကျေနပ်နေသည့်အပြုံးကြီးနဲ့ ပြုံးပြုံးကြီးထိုင်နားထောင်နေတော့သည်
စားသောက်ပြီးသောအခါ ကိုကျော်ခန့် Toilet ခဏဝင်သွားသည်

" ဟိတ် နင့်လူကြီးထသွားတုန်းမေးဦးမယ် မှန်မှန်ဖြေစမ်း နင်လည်းသူ့ကိုသဘောကျနေတယ်မလား "

" ဟုတ်တယ်မလား ငါတိုမင်းအကြောင်းသိပါတယ် ခါတိုင်းဆို ငါတို့စရင် အသေဝင်တားနေပြီး ဒီနေကျ မင်းပါ အလိုတူအလိုပါ ရှက်သွေးဖြာပြီးငြိမ်နေတာနော် "

" ပြီးတော့... နင်တို့... ညအိပ်ရင်တစ်ခုတင်ထဲအိပ်ကြတာလား အားးးးးးစ် "

မေးရင်းတန်းလန်း အော်လိုက်သော သီရိအသံကြောင့် တစ်ဆိုင်လုံးရှိလူများ၏အကြည့်ကသူတို့ဝိုင်းဆီသို့ရောက်လာ‌တော့သည်

" ဟဲ့ ဖြေးဖြေး ဘာလို့ အော်တာလဲ "

" မေးရင်းနဲ့အူတွေ အတင်းယားလာလို့ပါဟယ် ဖြေပါဦး အတူအိပ်တာလား "

" အိပ်စရာလား သူကအောက်မှာဖျာခင်းအိပ်တာ "

" မမိုက်လိုက်တာဟာ ငါတို့သူငယ်ချင်းမဟုတ်တဲ့အတိုင်းပဲ နေရာချင်းတောင်လဲလိုက်ချင်တယ် ကိုကျော်ခန့်သနားပါတယ် "

" သနားရင် နင့်အိမ်ခေါ်သွား "

" မလိုက်လို့ပေါ့ လိုက်ရင်ခေါ်ပြီးနေပြီ "

The Thing Called Love 🌹[ Season 1 ]Tempat cerita menjadi hidup. Temukan sekarang