The Thing Called Love 🌹

90 6 0
                                    

                           Episode 11

" ကို....သဲတို့လမ်းခွဲကြရအောင် "

" ဘာလို့လဲ ဘာလို့ လမ်းခွဲမှာလဲ ကိုဘာအမှားလုပ်မိလို့လဲ သဲမကြိုက်တာလုပ်မိလို့လား ကို့ကိုစိတ်ဆိုးနေလို့လား ဒါမှမဟုတ် သဲ ဖေဖေက ကိုနဲ့သဘောမတူလို့လား "

" မဟုတ်ဘူး ကိုမမှားဘူး သဲမှားတာ သဲကို့ကိုမညာချင်တော့ဘူး သဲ ကို့ကို တကယ်မချစ်ခဲ့ဘူးထင်တယ် သဲ ကို့အပေါ်ဘာခံစားချက်မှမရှိတော့ဘူး "

" မဟုတ်ဘူးလေ သဲ သဲကို့ကိုနောက်နေတာမလား သဲနှင့်ကိုက အရမ်းချစ်ကြတာလေ အခုဆို မိဘတွေလဲသိနေပြီလေ သဲ ကို့ကိုမနောက်ပါနဲ့နော် သဲထားခဲ့ရင်ကိုနေနိုင်မှာမဟုတ်ဘူး သဲကို ကိုဘယ်လောက်ချစ်လဲဆိုတာ သဲလည်းသိတာပဲမလား သဲလည်းကို့ကိုချစ်တာပဲလေ သဲချစ်လွန်းလို့ တယုတရထိုးပေးထားတဲ့ ဆွယ်တာလေးတောင် ကို့ဆီရှိသေးတယ်လေ ဟိုအရင်နှစ်က ထိုးပေးထားတဲ့ ဦးထုတ်လေးလည်း ရှိတာပဲ သဲကို့ကိုချစ်ပါတယ် သဲနောက်နေတာမလား "

ခွန်းသပါးပြင်ထက်မှာ မျက်ရည်များစီးကျလာသည် ရင်ဘက်ကြီးတစ်ခုလုံး စုတ်ပြတ်သွားလိုခံစားနေရသည် ဘာတွေဖြစ်နေတာလဲ မနေ့ကထိတောင် နှစ်ယောက်သား ချစ်နေကြသေးသည်မလား အခုဖြစ်နေသည့်အဖြစ်ပျက်က အိပ်မက်လားတစ်ကယ်လား ခွန်းသ ဝေခွဲမရတော့ပြီ သူသဲနဒီကိုချစ်သည် သဲနဒီမရှိရင် သူနေနိုင်မည်မဟုတ် ‌

" ကို သဲကိုမုန်းလိုက်ပါတော့ ကို့အချစ်‌တွေနဲ့သဲက မထိုက်တန်ပါဘူး ကို သဲအပေါ်မှာ အရမ်းချစ်တာသိသိရဲ့နဲ့ သဲစိတ်တွေက တခြားသူအပေါ်ယိမ်းယိုင်နေမိပြီ သဲကိုယ်သဲလဲ အရမ်းမုန်းတယ် သဲလို လူတစ်ယောက်အတွက် ကိုမျက်ရည်မကျပါနဲ့ သဲကို မုန်းပစ်လိုက်စမ်းပါ "

သူ့မျက်စိရှေ့မှာ ငိုနေသော သဲနဒီကို ခွန်းသမကြည့်ရက်ပါ သူသဲနဒီကို မမုန်းနိုင်
စချစ်လဲက မုန်းဖို့ချစ်ခဲ့တာမှမဟုတ်တာ 
သဲနဒီရဲ့ပါးပြင်ထက်က မျက်ရည်တွေကို သုတ်ပေးပြီး သူ့ရင်ခွင်ထဲမှာ တင်းကြပ်စွာ ထွေးဖက်ထားလိုက်သည်

" မမုန်းပါဘူး သဲကို မမုန်းနိုင်ပါဘူး ဘာလို့မုန်းရမှာလဲ သဲက အခုကိုနဲ့ လမ်းခွဲချင်တာမလား ရတယ် သဲသဘော သဲစိတ်ချမ်းသာဖို့ကအဓိကပါ မငိုနဲ့နော်သဲ မငိုနဲ့တော့ ကိုလဲမငိုတော့ဘူး တိတ် တိတ် "

The Thing Called Love 🌹[ Season 1 ]Where stories live. Discover now