The Thing Called Love 🌹

100 7 1
                                    

                          Episode 9

နေ့လည်ကျောင်းမတက်ခင် ကျော်ခန့်တို့ကျောင်းကိုပြန်ရောက်လာခဲ့တယ် အတန်းထဲဝင်တော့ ခုံပေါ်မှာမုန့်စားရင်းစကားပြောနေကြတဲ့ ခွန်းသတို့အုပ်စုနဲ့တန်းတွေ့‌တာပါပဲ
ကျော်ခန့်ကိုမြင်တော့ သူတို့အားလုံးအံ့ဩသွားကြတယ်

" ကျော်ခန့် မင်းအဆင်ပြေရဲ့လား ငါကမင်းကျောင်းမလာတော့ဘူးတောင်ထင်နေတာ မနက်ကတောင် ငါခွင့်စာတင်ပေးထားသေးတယ် "

" ငါတို့တောင် ညနေ နင့်ဆီလာကြတော့မလို့
နင်အဆင်ပြေရဲ့လား "

" ရပါတယ်ကွာ အဆင်ပြေပါတယ် ငါလည်းမနက်လည်းကကျောင်းလာမလို့ပဲ နောက်ကျသွားလို့မဝင်ဖြစ်တော့တာ "

" အေးပါကွာ ငါ့တို့မင်းဘက်မှာရှိတယ်နော် စိတ်ဓာတ်မကျနဲ့ "

" မနေ့ညက သိသိချင်းတော့ ငါတကယ်ဒေါသထွက်သွားတာ အဖေဒီလောက်ထိလုပ်ရက်လိမ့်မယ်လို့ထင်မထားမိဘူး "

" မင်း အိမ်မှာနေရတာရောအဆင်ပြေရဲ့လား "

" မနေ့ညကတော့ ငါအိမ်မှာမအိပ်ဖြစ်ဘူး စိတ်ညစ်ပါတယ်ကွာ ရှေ့ဆက် အဲ့မိန်းမကြီးမျက်နှာကိုဘယ်လိုရှောင်ရမလည်းမသိဘူး "

" မင်းအဆင်မပြေရင်ငါ့အိမ်မှာ ခဏလာနေလို့ရတယ်နော် "

" ဟဲ့ ကိုသန့် နင့်အိမ်မှာ အခန်းလွတ်တယ်မလား ခေါ်ထားလိုက်လေ "

" သိင်္ဂီကလည်း ငါ့အဖွားအကြောင်းလည်းသိရဲ့သားနဲ့ ဧည့်သည်ခေါ်လာရင်တောင် နားပူအောင်ပေါက်ပေါက်ဖောက်နေတာ ခွန်းသခေါ်နေပြီပဲကို "

" ရပါတယ်ကွာ ငါနေစရာရှိပါတယ် မင်းတို့အိမ်လာနေရမှာလည်းအားနာပါတယ် တိုက်ခန်းတစ်ခုဝယ်ပြီး‌တော့ပဲနေလိုက်မယ် "

" မင်းကလည်း တိုက်ခန်းဈေးတွေကကြီးမှကြီးနဲ့ "

" ဈေးအကြီးဆုံးတိုက်ခန်းဝယ်ပြီးတော့ကိုနေမှာကွာ အဲ့မိန်းမကြီးလက်ထဲမရောက်ခင် ငါအကုန်ကိုသုံးပြစ်မှာ "

" ‌မင်းသဘောပါ မင်းအဆင်ပြေရင်ပြီးတာပါပဲ "

" ဒါနဲ့ သဲနဒီကဘာဖြစ်နေတာလည်း ငါလာကတည်းက ခုံပေါ်မှောက်အိပ်နေတာ နေမကောင်းဘူးလား "

The Thing Called Love 🌹[ Season 1 ]Tahanan ng mga kuwento. Tumuklas ngayon