The Thing Called Love 🌹

125 8 0
                                    

Episode 4

" ဟိတ်ကောင်ကိုသန့် ဘာဖြစ်လာတာလဲမျက်နှာလဲမကောင်းဘူး "

ကျောင်းဆောင်ပေါ်မှ ပြေးဆင်းလာတဲ့ကိုသန့်ကို ခွန်းသနှင့် သဲနဒီ လှမ်းဆွဲပြီးမေးလိုက်သည်
ကိုသန့်မျက်နှာလည်းမကောင်း မျက်ရည်တွေလဲဝဲနေသည်

" ဟဲ့ ရွှန်းနှင့်စကားပြောဖြစ်လား ငါသူ့ကိုနင်နဲ့စကားပြောဖို့ပြောထားတယ် "

" ငါ သူနဲ့ စကားများလာတာ သူကငါ့ကို သူငယ်ချင်းလိုပဲခင်ချင်တာတဲ့ကွာ ငါမှသူနဲ့သူငယ်ချင်းမဖြစ်ချင်တာ "

" နင်ကလည်းဟာ သူလဲနင့်ကိုချစ်ပါတယ် နင့်ကိုချစ်လို့ အဆုံးရှုံးမခံနိုင်လို့ သူအခုလိုတွေပြောနေတာ နင်ဒါလေးတောင်သဘောမပေါက်ဘူးလား ငါသူနဲ့ခင်လာတာကြာလှပြီ သူ့အကြောင်းငါသိတယ် ငါပြောတာယုံ သူလဲနင့်ကိုချစ်တယ် အခုရွှန်းဘယ်မှာလဲ "

" အပေါ်မှာ "

" သွားပြန်သွား သူ့အကြောင်းငါသိတယ် အခုချိန်လောက်ဆိုငိုနေလောက်ပြီ နင်သူငိုတာကြည့်ရက်သလားပြော "

" ငါလဲသူ့ကိုမငိုစေချင်ပါဘူးဟာ "

" မငိုစေချင်ရင် သွားချော့လေကွာ သဲ သဲဆီမှာ တစ်ရှူးထုတ်ရှိတယ်မ‌လား ကိုသန့်ရဲ့ပေးလိုက် "

👼 👼 👼

" အမယ် အမယ် အမယ် အဲ့တာကဘာတွေလဲ ဘယ်လိုတွေဖြစ်နေကြတာလဲ "

အတန်းထဲသို့နှစ်ယောက်အတူတွဲပြီးဝင်လာသော ကိုသန့်နှင့် ရွှန်းသိင်္ဂီမှာ သဲနဒီတို့အတွက် စနောက်စရာတစ်ခုလိုဖြစ်နေတော့သည်

" ကဲဗျာ ကိုသန့်က စွံသွားပြီဆိုတော့ ငါတို့အဖွဲ့ထဲမှာ FA King ကြီးပဲစွံဖို့ကျန်တော့တယ် "

" တော်ပါတော့ခွန်းသရာ သိင်္ဂီရှက်နေပါဦးမယ် "

" အောင်မယ် အခုမှအဖြစ်သည်းနေလိုက်ကြတာ "

" ဟော အသက်တော့ရှည်ဦးမယ် ပြောရင်းဆိုရင်း FA King ကြီး ရောက်လာပါပြီဗျာ "

အမြဲနောက်ကျနေသော ကိုယ်တော်ချောကတော့ သူ့ပြောလို့ပြောနေမှန်းပင်မသိ

The Thing Called Love 🌹[ Season 1 ]Where stories live. Discover now