The Thing Called Love 🌹

81 8 0
                                    

                            Episode 7

" မမသဲ "

" Sorry မောင်လေး မမ တံခါးခေါက်ဖို့မေ့သွားလို့ "

" Hi မမ "

ချစ်စု မိုးထက်နဲ့ပြောနေရင်းဖုန်းထဲကနေသဲနဒီကိုလှမ်းပြီးနှုတ်ဆက်လိုက်တယ်

" Hi ညီမလေး အမယ် မမကြားပါတယ်နော်
မိုးထက်နဲ့ရည်းစားတွေဖြစ်သွားပြီဆို
မိုးထက်ကမမတောင်မပြောဘူး လျိုထားတာ "

" ဟာ မဟုတ်ပါဘူး မမသဲကလည်း ကျွန်တော်နှင့် ချစ် ရည်းစားတွေဖြစ်တုန်းက မမက ပုဂံသွားနေတာမို့ကို "

'ချစ်စုဇော်' ကို   'ချစ်' ဆိုပြီး အဖျားစွတ်ခေါ်လိုက်တဲ့ မိုးထက်စကားသံတွေက သဲနဒီရင်ထဲကို ဓားနဲ့မွှန်းလိုက်သည့်အလား နာကြင်မှုကိုဖြစ်ပေါ်စေသည်

" အရင်တုန်းကဆို ချစ်စုအကြောင်းတခါမှပြောတာမကြားဖူးလို့ပါ ငါ့မောင်က ချစ်စုကိုတကယ်ရောချစ်ရဲ့လား
ချစ်စုရေသတိထားနော် ဒီကောင်လေးကို "

" ဟာ မမကလဲ...
ချစ် ဒါပဲနော် မနက်မှတွေ့မယ် Bye "

မိုးထက် VC ကို ချက်ခြင်းချလိုက်ပြီး
မမသဲ ငါချစ်စုကိုတကယ်မချစ်မှန်းသိနေတာလား ဘာလို့သည်လိုပြောရတာလဲဆိုတဲ့အတွေးတွေပဲ တွေးနေမိတယ်

" ရုပ်ကြီးက ဘာတွေလန့်နေတာလဲ မမကစတာပါ အနာပေါ်ဒုတ်ကျသွားတဲ့ရုပ်ကြီးနဲ့ "

" မဟုတ်ပါဘူးမမကလည်း
ပုဂံပြန်လက်ဆောင် ကျွန်တော့်အတွက်ဘာပါလည်းပြော "

" အင်္ကျီဝယ်ခဲ့တယ် တော်မတော်ဝတ်ကြည့်လိုက်ဦး ကြီးငွေဆီပေးထားခဲ့တယ် "

" ဒါဆိုခဏနော် ကျွန်တော်သွားဝတ်ကြည့်လိုက်ဦးမယ် "

" နောက်မှသာဝတ်ကြည့်တော့ မိုးချုပ်နေပြီ အိမ်မှာမေမေတစ်ယောက်တည်းမို့ ပြန်တော့မယ် "

" အခုမှရောက်တာကိုပြန်တော့မှာလား ကျွန်တော်အောက်ထိလိုက်ပို့ပေးမယ်လေ "

" ရပါတယ် စာသာလုပ်ပါ Presentation ရှိတယ်ဆို ရည်းစားထားတာလဲထားပေါ့ ပညာရေးတော့မထိခိုက်စေနဲ့ "

" ဟုတ်မမ စောစောကလည်း ချစ်စုနဲ့ Presentation အကြောင်းပြောနေတာပါ သူနှင့်ကျွန်တော်က တစ်ဖွဲ့ထဲလေ "

The Thing Called Love 🌹[ Season 1 ]Where stories live. Discover now