💎 Ch-1

17K 661 5
                                    

"Hey  KimTae hey"
"မကြားချင်ယောင်ဆောင်နေတာလား "

အနောက်ကနေ လိုက်ပြီး စကားပြောနေတဲ့ စိတ်ပျက်စရာ ဆံဝါကောင်
မသိချင်ယောင်ဆောင်ပြီး ဆက်လျှောက်လာတယ်
တက္ကသိုလ်ဝင်းထဲ ရောက်လာတော့ အားလုံးက ကွက်ကြည့် ကွက်ကြည့်

"Hey စကားးပြန်ပြောလေ မာနကလည်း ကြီးလိုက်တာ"

နောက်ကနေ တတွတ်တွတ် လိုက်ပြောတဲ့ သူ့အစား မောတောင်လာတယ်
သူတက်ရမည့် အခန်း ထဲ ရောက်ခါနီး တော့ ခြေ‌လှမ်းတွေကို အရှိန်မြှင့်လိုက်တယ်

"Hey ဘာလို့ မြန်မြန်လျှောက်နေတာလဲ KimTae "
"အိုး အခန်းရှေ့တောင် ရောက်လာပြီပဲ ညနေလည်း ကိုယ်လာစောင့်နေဦးမှာပဲ"

အခန်းထဲ ဝင်လာတော့ ပြန်လှည့်ထွက်သွားတယ်

"Hey Kim ထုံးစံအတိုင်းပဲလား"

"ဟုတ်ပါ့"

Louis က ကျောင်းသွား ကျောင်းပြန် သူ့နောက် လိုက်နေတဲ့ ဆံဝါကောင် ကို ရည်ညွှန်းပြောတာ

"Breakfast???"

"No ..Gonna have Brunch later"

" I see"

Louis နဲ့ သူ က တခါတလေ Eng လိုပြောလေ့ရှိတယ် ဘာရယ်မဟုတ်ဘူး
Louis က American-Korean ကပြားလေး အသားဖြူဖြူ အရပ်က ထောင်ထောင်မောင်းမောင်း နဲ့ six packs တွေ ရှိတယ်
သူက အဖေ က American ပေမဲ့ Korea ကို ပိုချစ်တာမို့ ဒီမှာ ကျောင်းလာတတ်တာ
သူ့အဖေ နဲ့ အတိုက်အခံလုပ်ပြီးတော့
Kim Tae Hyung ဆိုတဲ့ သူကတော့ Korean စင်စစ်ပါပဲ အသား ဝါညက်ညက်‌လေး နဲ့ သာမန်ထက် ပိုချောမောလှပတာကြောင့် ယောက်ျားလေး တွေ လိုက်တာများတယ်
သူက‌တော့ ဘယ်သူ့မှ ပြန်မကြိုက်ပေမဲ့ အခုနောက်ဆုံး ဆံဝါကောင်ကတော့ ဇွဲမလျှော့
သူ့ကိုလိုက်တာ ခြောက်လ ရှိနေပြီ

"Hey Louis Brunch သွားစားကြရအောင် I'm super hungry"

အတန်းချိန် နှစ်ချိန် ပြီးတာနဲ့ Tae Hyung က Canteen သွားဖို့ အဖော်စပ်တယ် ဒါမျိုးက ငြင်းကောင်းတဲ့အရာ မဟုတ်လို့ Louis က ချက်ချင်း ခေါင်းငြိတ်ပြတယ် သူတို့က မနက်စာ မကျ နေ့လည်စာ မကျ အချိန်မှ စားလို့  Brunch ပဲ အမြဲဖြစ်နေတာ

Canteen ကို ရောက်တော့ စားနေကျအတိုင်း Tae Hyung က ပဲခေါက်ဆွဲ နဲ့ fruit Juice  တစ်မျိုးမျိုး .....Louis က Coffee နဲ့ Sandwich
Louis က Korea ကို ချစ်ပေမယ့် Korean food ကို မကြိုက်

Be My Jewel 💎 Completed 💎Où les histoires vivent. Découvrez maintenant