💎 Ch-22

2.8K 240 1
                                    

[Unicode]
Ho Soek တော်တော် စိတ်ကသိကအောက်ဖြစ်နေရတယ် လက်ထပ်ပွဲအတွက် မင်္ဂလာဝတ်စုံလာကြည့်တာကို Tae နဲ့အတူ Louis ပါ ပါလာတယ်  မင်္ဂလာဝတ်စုံကြည့်တဲ့အခါလည်း Tae ထက် ပို စိတ်ဝင်တစား စိတ်အားထက်သန်နေတဲ့ Louis ရယ်ပါ Ho Soek စိတ်ထဲ တော်တော်အလိုမကျဖြစ်လာပေမဲ့ Tae မျက်နှာလေး နည်းနည်းကြည်နေလို့ လွှတ်ထားလိုက်တယ် Louis ရွေးပေးတဲ့ အဖြူရောင် Suit ကို အင်း အဲ နဲ့ ယူလိုက်တဲ့ Tae ကြောင့် Ho Soek လည်း အဖြူရောင်ဝတ်စုံ ကိုသာ ရွေးလိုက်တယ် Tae အသားအရောင် နဲ့ ဆို ပိုလိုက်ဖက်နေမယ့် အသားရောင်လေး ကို ရွေးချင်ပေမယ့်ပေါ့

တခါတည်း လက်စွပ်သွားအပ်တော့ Louis ကပါ တန်းလန်း တန်းလန်း နဲ့ ပါလာပြန်ရော

"Tae ကြိုက်တဲ့ ဒီဇိုင်းလေး ရွေးနော်"

"ဟုတ်ကဲ့ ကျနော် ပါ ကူကြည့်ပေးလိုက်မယ် Mr.Jung"

Tae မဖြေခင် ဝင်ဖြေတဲ့ Louis က တကယ် အလိုက်ကန်းဆိုးနားမလည်တဲ့သူ ပဲ Ho Soek က Tae နဲ့ စကားပြောချင်တာ Louis ကပဲဝင်ဝင်ဖြေနေတယ် Ho Soek ရဲ့ အမြဲကြည်လင်တဲ့ မျက်နှာဟာ အခုလို တည်တင်းနေပြီ

"ကျနော် ရွေးလိုက်ပါ့မယ် Jung Ho Soek"

Tae က Ho Soek မျက်နှာအနေအထား ကို အကဲခတ်မိတော့ ပြန်ဖြေပေးတယ် Ho Soek က Tae ကိုတော့ တောက်ပတဲ့ အပြုံးလေး တစ်ချက်နဲ့ ခေါင်းညိတ်ပြလိုက်တယ် Tae ရွေးတဲ့ လက်စွပ်ကတော့ ရိုးရိုးရှင်းရှင်း စိန်ပြာတစ်လုံးထဲ မြှုပ်ထားတဲ့ ပလက်တီနမ်မောင်းကွင်းလေး ပဲ ဒါပေမဲ့ စိန်ပြာ ရဲ့ တန်ဖိုး ကတော့ မနည်းဘူး Louis ကပါ ဒီဇိုင်းကြိုက်လို့ ဆိုပြီး သူ့လက်အတိုင်းပေးထားခဲ့တယ်

"ကိုယ်တို့ နေ့လည်စာ စားပြီးမှ ပြန်လိုက်ပို့ပေးမယ် နော် Tae"

" ဟုတ်ကဲ့ Steak ပဲ သွားစားကြမယ်လေ Louis ပါ ပါနေတော့"

"အာ ရပါတယ် Kim ရဲ့ ငါ ကိုးရီးယား အစား‌အသောက် တွေ ကို ကြိုက်နေပြီ"

"တကယ်ကြီး ဪ ဒါ ဆို Jung Ho Soek က ကိုရီးယား အစားအသောက် ရတဲ့ ဆိုင်ကောင်းကောင်း ကို လိုက်ပို့ပေးပါလား"

"အင်း ကိုယ် စားနေကျဆိုင်ရှိတယ် အဲ့ကိုပဲ မောင်းလိုက်တော့မယ် Tae"

Be My Jewel 💎 Completed 💎Where stories live. Discover now