💎 Extra

4.6K 297 4
                                    

[Zawgyi]

ငါးနှစ် ကြာပြီးနောက်

"ရတနာလေး မထသေးဘူးလား ဒီနေ့ Kim အိမ် ကို သွားရမယ်လေကွာ"

Jung Kook နှိုးနေတာကို မျက်လုံးလေး ဖွင့်ကြည့်ကာ တစ်ဖက် ကို ပြန်လှည့်အိပ်သွားပြန်တယ် ညက သူ့ကြောင့် ရတနာလေး ပင်ပန်းသွားတာ ကို သိပေမဲ့ အခုက ယောက္ခမ အိမ် ကို သွားရမှာ မို့ နှိုးနေရခြင်း

"မထဘူးလား ရတနာလေး မထရင် ကျနော့် အဆိုး မဆို နဲ့နော်"

"အွန်းးး"

ဒါက သူ့ရတနာလေး က သူ့ ကို မခန့်တာ သတိပေး‌နေ တာတောင် မကြောက်ဖူးဆိုတဲ့ သဘောပေါ့လေ Jung Kook က လည်း မကြောက်ဖူး ဆိုရင် ပို အသည်းယားလာတာ Kim Tae ကိုယ် ပေါ်က စောင် ကို အတင်း ဆွဲခွာပြီး တင်ပါး ကို ခပ်ဆတ်ဆတ် တစ်ချက်ရိုက်ပစ်လိုက်တော့ အ ကနဲ အသံထွက်လာတယ် မျက်ရည်ဝဲနေတဲ့ မျက်လုံးတွေ နဲ့ Jung Kook ကို တစ်ချက် ကြည့်ပြီး တင်ပါး လေး ကို ပွတ်ကာ ရေချိုးခန်းထဲ ကို ဆောင့်အောင့်ပြီး ဝင်သွားတယ် ဆူထားတဲ့ နှုတ်ခမ်း ကလည်း Jung Kook ကို လာထိုးမိတော့မတတ်ပင် ရိုက်လိုက်မိတာ ကိုတောင် နောင်တ တွေ တသီကြီး ရသွားတယ် ဘုရား ဘုရား စိတ်ကောက်ပြေအောင် ဘယ်လောက်တောင်များ ဘယ်လိုတောင်များ ချော့ရတော့မလဲ

Kim အိမ်ဝင်း ထဲ ကို ကား ကို ကွေ့ဝင်လိုက်ပြီး ရပ်လိုက်တော့ ကား ပေါ်က နေ ခပ်တည်တည် နဲ့ ဆင်းသွားတဲ့ ရတနာလေး အနောက်ကနေ Jung Kook က ခပ်ကုပ်ကုပ်လေး လိုက်ရတာ မနက်ကတည်း က ခုထိ စကား လိုက်ပြောနေတဲ့ Jung Kook ကို ချေမိုးနေပြီး စကား လုံးဝ ပြန်မပြောတာ

"ဪ ရောက်လာကြပြီလား သား Tae နဲ့ သားမက် Jeon"

Mrs.Kim က လှမ်း နှုတ်ဆက်တော့ Kim Tae က ဧည့်ခန်း က ဆိုဖာပေါ်မှာ ထိုင်ရင်း မေးတယ်

"ဒယ်ဒီ ရော မာမီ"

"အပေါ်မှာ ခဏနေ ဆင်းလာလိမ့်မယ်"

"အန်တီ နေကောင်းရဲ့လား"

"ကောင်းပါတယ် အန်တီ ကတော့ မင်း ဦး ကတော့ နည်းနည်း ချူချာတယ်"

"ဟုတ်ကဲ့ မား နဲ့ ပါး တို့ကလည်း သတင်း မေးခိုင်းလိုက်တယ် ဦး ကို"

Be My Jewel 💎 Completed 💎Where stories live. Discover now