💎 Ch-8

3.3K 324 5
                                    

တစ်ပတ်လုံးလုံး Tae Hyung အိမ်မှာပဲနေဖြစ်နေတယ်
အဲ့ဒီည က Jeon Jung သူ့ကို နမ်းတာ အတွေးထဲဝင်လာတိုင်း ရှက်လွန်းလို့ Jeon Jung က နမ်းပြီး သူ့ဘာသာ အရင်ရှက်နေခဲ့တယ် Tae Hyung ခြံရှေ့ရောက်မှ
"ကျနော် တောင်းပန်ပါတယ် " တဲ့ သူ ဘာမှ ပြန်မပြောဘဲ ရှက်ရှက်နဲ့ ကားပေါ်ကဆင်းတာနဲ့ ခြံထဲ တန်းဝင်လာခဲ့တာ
Jeon Jung ဖုန်းခေါ်ရင်လည်း မကိုင်ဖြစ်
Louis နဲ့လည်း မဆက်သွယ်ဖြစ်

တကယ်တော့ အဲ့တုန်းက သူ ရင်တွေ တဒိုင်းဒိုင်း ခုန်နေခဲ့တာ
Jeon Jung ရင်ခုန်သံတွေ ကလည်း အကျယ်ကြီး
သူ့ရဲ့ ပထမဆုံးအနမ်းလေး က ရုတ်တရက်ဆန်ပေမဲ့ နူးနူးညံ့ညံ့လေး

အတွေးလွန်နေရင်း ကြားလိုက်ရတဲ့ တံခါးခေါက်သံ နဲ့အတူ

"မာမီ ဝင်လာပြီ" ဆိုပြီး အခန်းထဲရောက်နေပြီဖြစ်တဲ့ သူ့အမေ

"ဪ ဘာကိစ္စ လဲ မာမီ"

"ကိစ္စ ရှိမှ လာရမှာလား သား Tae "

သူ့ အိပ်ရာဘေးက ခုံမှာဝင်ထိုင်ရင်းပြောတယ်

ကုတင်ခေါင်းရင်းကို မှီထိုင်နေတာမို့ ခါးမတ်ပြီး
Tae Hyung ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေလိုက်တော့တယ်

"ညကျ ရင် အရေးကြီးပွဲတစ်ခု ရှိတယ် သား ဒယ်ဒီ က လိုက်စေချင်နေတယ် အဲ့ဒါ မာမီ ညနေ ဝတ်စုံ လာပို့ခိုင်းထားတယ် အဆင်သင့်ပြင်ထားလိုက်"

"ဒါပဲမလား"

"ခုလောလောဆယ်တော့ ဒါပဲ"

ပြောပြီးတာနဲ့ ပြန်ထွက်သွားတဲ့ မာမီ
Tae Hyung သူ့ မိဘ တွေကို သဘောမကျရတဲ့ အကြောင်းရင်းက ငွေ ကို ပထမဘုရားသခင် လို ကိုးကွယ်နေကြလို့

မာမီ ပို့ပေးတဲ့ အဝါ‌ရောင် suit နဲ့ ဆံပင်ကို လှန်တင်ထားတဲ့ သူက လိုက်ဖက်နေပေမယ့် သူ့ ကိုယ်သူ ဂျိုကာ လို့ ခံစားနေရတယ် ဘာလို့ အဝါရောင် suit လဲ

ဒယ်ဒီ ခေါ်လို့ လိုက်လာရတဲ့ ပွဲက ဘာပွဲ မှန်းလည်း သူမသိ သူ့ကိုလည်း အဖက်လုပ်ပြီး မပြောပြ

ကားရပ်လို့ ဆင်းလိုက်တာနဲ့ ကြီးမားကျယ်ဝန်းတဲ့ ခြံကျယ်ကြီး
မီးရောင်ဖျော့ဖျော့ ရယ် အပင်တွေရယ် တန်ဖိုးကြီး ပန်းအိုးအကြီးကြီး တွေရယ် နဲ့ ဝင်ဝင်ခြင်း မှာ အလှဆင်ထားတယ်
အမယ် Stage စင် လေးက လည်း စားပွဲဝိုင်းတွေ ရဲ့ အလည်တည့်တည့်မှာ... ညာဘက်မှာ က Buffet နဲ့ Beverage အမျိုးမျိုး

Be My Jewel 💎 Completed 💎Where stories live. Discover now