💎 Ch-19

2.6K 236 3
                                    

[Unicode]
"သား Tae ဘယ်ကပြန်လာတာလဲ ခဏ လာထိုင်ဦး"

Tae Hyung တစ်ကိုယ်လုံး နာကျင် ကိုက်ခဲနေလို့ နားချင်နေပြီ မာမီ က လှမ်းခေါ်တော့ ဆိုဖာ မှာ ဝင်ထိုင်ရတယ်

"နေမကောင်းဘူးလား သား Tae"

"ကောင်းပါတယ် မာမီ ဘာပြောစရာရှိလို့လဲ"

"အင်း စာမေးပွဲရော ဖြေနိုင်ရဲ့လား"

"ဖြေနိုင်ပါတယ် မာမီ တကယ်ပြောချင်နေတာ ကို သာ ပြောပါ ကျနော် နားချင်နေပြီ"

Tae Hyung တည့်တိုးပြောတာကို မာမီ က သဘောတကျရယ်တယ်

"ဟုတ်ပါပြီ နောက် ၃ လ နေရင် မင်း ရဲ့ လက်ထပ်ပွဲ ရှိတယ်"

"ကျနော် ကတော့ မာမီ့ လက်ထပ်ပွဲ ကို လက်မခံနိုင်တာ ‌သေချာတယ် နားတော့မယ်"

အပေါ်တက်သွားတဲ့ သားဖြစ်သူ ကို Kim So Yoon မျက်စိတဆုံး ကြည့်နေမိတယ် အမြဲ စကားနားထောင်တဲ့ သား ဟာ Jeon အိမ်တော်သား နဲ့ ကြိုက်မှ ကလန်ကဆန် တွေ လုပ်လာတာ Kim So Yoon က အလကား သက်သက် Jeon မိသားစု ကို မုန်းနေတာ မဟုတ် ဂုဏ်ပကာသန မက်လွန်းတဲ့ Jeon အဘိုးကြီး ကို So Yoon ဒီတစ်သက် ပြန်မျက်နှာချင်း မဆိုင်ချင်တော့တာ ဒါတွေကို သား Tae က နားလည်မှာ မဟုတ်ဘူး

Jeon Jung Soe အိမ်မှာ နားနေရင်း သိမ်းထားတဲ့ ဓာတ်ပုံ တွေကို ထုတ်ကြည့်နေမိတာ အတွေးတွေ က အတိတ်တွေ ဆီ ရောက်သွားတော့.....

"So Yoon ရေ နောက်ကျလိုက်တာ ဟယ်"

"အေးပါဟယ် ညက အဖေ့ အလုပ်တွေ ကူနေရလို့ အိပ်ရာထနောက်ကျသွားလို့ပါ Lee Yung ရယ်"

အလယ်တန်းတည်း က ခင်လာကြတဲ့ သူငယ်ချင်းမလေး နှစ်ယောက် အခု တက္ကသိုလ် နောက်ဆုံးနှစ်ထိ တတွဲတွဲ ပဲ Lee Yung တို့ မိသားစုက So Yoon တို့ထက် အဆပေါင်းများစွာ ချမ်းသာတယ် နှစ်ယောက်လုံးက အချောအလှလေးတွေ မို့ ကြိုက်ကြတဲ့ သူတွေ က မနည်း
So Yoon က သွက်လက်ချက်ချာတယ် Lee Yung က အနေအေးတယ်  အမူအကျင့် မတူပေမဲ့လည်း တစ်ယောက် နဲ့ တစ်ယောက် ခင်ကြ ချစ်ကြတယ်

မေဂျာတူ အတန်းတူ ဆိုတော့ ဘယ်သွားသွား တတွဲတွဲပေါ့ တစ်နေ့ သူတို့ တက္ကသိုလ် ကို အလည် လာတဲ့ Jeon Jung Soe နဲ့ So Yoon တိုက်မိကြတယ် ဇာတ်လမ်းတွေ ထဲကလိုပဲ တောင်းပန်ပြီး ခင်မင်သွားကြတယ် အဲ့ဒီနေ့က  Lee Yung က နေမကောင်းလို့ ကျောင်းမလာဘူး So Yoon လည်း ထွေထွေထူးထူး မဟုတ်လို့ ပြန်မပြောဖြစ်ခဲ့ဘူး

Be My Jewel 💎 Completed 💎Where stories live. Discover now