💎 Ch-20

2.7K 243 3
                                    

[Unicode]
Louis ရဲ့ အလုပ်ကို အခြေအနေ လာအကဲခတ်တဲ့ Mr.Jung
အဆင်ပြေရင် နောက်ထပ်လုပ်ငန်း တွေ ဆက်ပြီး လက်တွဲလုပ်မှာ ဖြစ်ပြီး မပြေရင်တော့ အခုတစ်ခု နဲ့တင် လက်တွဲ ဖြုတ်မယ့်သဘော
အလုပ်ကတော့ အစစအရာရာ အဆင်ပြေပါတယ် မပြေတာ က Louis ရဲ့ နှလုံးသားရေးရာကိစ္စ Mr.Jung က တည်တံ့လွန်းပြီး ဘယ်လောက် flirt flirt ပါမလာဘူး တောက်တောက်ပပ အပြုံးတွေနဲ့ပဲ သူ့ကို တုံ့ပြန်တယ် ဒါပေမဲ့ လွယ်လွယ်ကူကူ လက်လျှော့ရင် Louis ဘယ်ဟုတ်တော့မလဲ

"ဘယ်လိုလဲ Mr.Jung စိတ်တိုင်းကျရဲ့လား"

"အင်း အဆင်ပြေတယ် Louis ရှေ့လျှောက် Louis တို့ Company နဲ့ အတူ လက်တွဲလုပ်ကြတာပေါ့"

"ဟုတ်ကဲ့ ကျနော်လည်း Mr.Jung နဲ့ တစ်သက်လုံး လက်တွဲချင်နေတာပါ"

ရရင် ရသလို flirt တတ်တဲ့ Louis က အနားမှာ လူအများကြီး ရှိတာ မရှိတာ ဂရုစိုက်မနေ ဒါပေမဲ့ Mr.Jung က ဘယ်လိုအခြေအနေဖြစ်ဖြစ် ပညာသားပါပါ နဲ့ တုံ့ပြန်တတ်တယ်

"ဟုတ်တာပေါ့ ကိုယ်တို့က လုပ်ငန်း ပါတနာတွေ ပဲကိုး"

"ဪ ဒါနဲ့ ကျနော်တို့ Lunch တူတူစားရအောင် အချိန်လဲ ကပ်နေပြီ ဆိုတော့လေ"

"ဪ အင်း စားရင်း နဲ့ စကားပြောကြတာပေါ့ ကိုယ်တို့"

ကိုးရီးယား  ရိုးရာစားသောက်ဆိုင် ကို ရွေးလိုက်တဲ့ Mr.Jung Ho Soek ဒါက Louis ကို သွေးတိုးစမ်းတဲ့သဘောများလား Louis က ကိုးရီးယား အစားအစာတွေ ကို သိပ်မစားနိုင်ဘူးလေ
အခန်းသက်သက်တစ်ခန်း နဲ့ စားပွဲပုလေးပေါ်မှာ ထိုင်ပြီးစားရတဲ့ဆိုင် ကိုးရီးယား အစားအသောက်စင်စစ်တွေ ချည်း စားပွဲပေါ်မှာ
Mr.Jung က Louis ကို သူ့မူပိုင် တောက်ပတဲ့ အပြုံးတွေ နဲ့ပြောတယ်

"သုံးဆောင်ပါဦး Louis"

"ဟုတ်ကဲ့ ပါ Mr.Jung ရောပဲ သုံးဆောင်ပါဦး"

Mr.Jung က နေ့လည်စာ ကို အားပါးတရ စားနေတဲ့အချိန် Louis က တို့ကနန်းဆိတ်ကနန်း ပဲ စားနေတယ် ဒါဟာ တစ်ဖက်လှည့်နဲ့ Mr.Jung က ငါတို့မဖြစ်နိုင်ဘူး မင်းကငါနဲ့လိုက်ဖက်တဲ့သူမဟုတ်ဘူး ဆိုတာ Louis ကို ပြောတာမှန်း သိတယ်
ဒါပေမဲ့ Mr.Jung မသိတာက Louis အခုကစပြီး ကိုးရီးယား အစားအစာတွေ ကြိုးစားပြီး စားတော့မယ်ဆိုတာ
ပြန်ခါနီး နှုတ်ဆက်တော့ Mr.Jung က Louis ကို ကြည်ကြည်လင်လင်ပြုံးပြီး ပြောလာတဲ့စကား

Be My Jewel 💎 Completed 💎Where stories live. Discover now