💎 Ch-17

2.6K 255 6
                                    

[Unicode]
Friday သုံးယောက်စလုံး ကျောင်းတက်ရက် တူတဲ့နေ့
ရာသီဥတု ကျောင်းတက်ရတဲ့အခြေအနေ အားလုံး က ပုံမှန်ပဲ ထူးဆန်းနေတာက Jeon Jung နဲ့ Louis 
အခုပဲကြည့် Louis အတွက်ပါ Jeon Jung က နေ့လည်စာ သွားယူပေးလာတာ
Louis ကလည်း ရယ်ပြနေတာ

"ကျေးဇူးပဲ Jung Kook နေ့လည်စာအတွက်"

"ရပါတယ် Louis ကျနော်တို့က တစ်လှေတည်းစီးနေကြတာပဲ"

" မင်းတို့နှစ်ယောက် ဘယ်တုန်းက လှေသွားစီးလိုက်တာလဲ"

Tae Hyung က ဝင်မေးတော့ နှစ်ယောက်စလုံး မချိုမချဉ် မျက်နှာပေးတွေ နဲ့ ပြိုင်တူစကားသံ ထွက်လာတာ

"ဘယ်ကသာ လှေမစီးဖူးပါဘူး Kim Tae ရဲ့"
"ဘယ်ကသာ လှေစီးရမလဲ Kim ရယ်"

"ပြီးတာပဲ ရုပ်တွေကို က မဟုတ်တာလုပ်ထားတဲ့ ရုပ်တွေ"

Tae Hyung ပဲခေါက်ဆွဲတွေကို အတင်းကာရော မွှေပြီး စားနေတော့ Jeon Jung က မျက်နှာငယ်လေး နဲ့ ကြည့်နေတယ် ခုနက ရုပ်က အဲ့ရုပ် မဟုတ်ဘူး Tae Hyung ကိုချန်ပြီး နှစ်ယောက်သား တစ်ခုခု ကြံနေတာ သိတယ်

"Louis မင်းတို့ ဘာတွေ ကြံနေတာလဲ နှစ်ယောက်ပေါင်းပြီး"

"ဟင် ဘာကြံရမလဲ ဒီတိုင်းပဲ Jung Kook နဲ့ အဆင်ပြေအောင်နေတာလေ Kim ရဲ့"

"ဪ အဆုံးထိ မပြောဘူးပေါ့"

"ဘာမှ မရှိတာကို ဘာတွေ သိချင်နေတာလဲ Kim ရဲ့ မင်း က ငါ့သူငယ်ချင်းလေး လေ Jung Kook က မင်းနဲ့ ပတ်သတ်ပြီးသိတာလေ မင်း က ဦးစားပေး ပဲကို"

အလျှောက်ကောင်းတဲ့ Louis က Tae Hyung အမျက်တော်ရှတာ မခံရတော့ဘူး Jung Kook ကတော့ မျက်နှာငယ်လေး နဲ့ ထိုင်ကြည့်နေတုန်း  Tae Hyung ထိုင်နေတဲ့ Jung Kook ကို ဘုကြည့်ကြည့်ပြီး ထထွက်လာတယ်

"Louis ဖွင့်ပြောလိုက်မယ်လေ အမှန်အတိုင်း"

"မပြောနဲ့နော် အစီအစဉ်တွေ လွဲကုန်မယ် Kim စိတ်ကောက်တာကို တခြားနည်းနဲ့ ချော့ပေါ့ "

"အဲ့ဒါတော့ ကျနော်လည်း သိတာပေါ့ နောက်ကျမှ သိရင် ၁၀ နဲ့မြှောက်ပြီး စိတ်ဆိုးတော့မှာ"

"ဘဲကြောက်ကောင်"

ဆံဝါကောင် က ခုထိ ဘဲကြောက်တုန်း Kim သိတဲ့အချိန် ဟိုက သူ့လက်ထဲ ရောက်နေပြီ ကို စိတ်ဆိုးလည်း ပြန်ချော့ပေါ့ Louis ကိုယ့်အတွက် ကိုယ် မပူရဘဲ  သူတို့အတွက် ပူပေးနေရဦးမှာလား
ဆံဝါကောင် ကို ထားခဲ့ပြီး Kim နောက် လိုက်သွားလိုက်တယ်

Be My Jewel 💎 Completed 💎Where stories live. Discover now