💎 Ch-4

4.4K 397 0
                                    

[Unicode]
Tae Hyung ကျောင်းသွားဖို့ပြင်ဆင်ပြီး ခြံပြင်ထွက်လာတော့ အနီရောင် ပြိုင်ကား လေး က အဆင်သင့်ရပ်ထားတယ် သူ့ကိုမြင်တော့ Jeon Jung က ဆင်းလာပြီး ကားတံခါး အဆင်သင့်ဖွင့်ပေးတယ်

"Hey"

"Hey Kim Tae Super Good Morning!!"

"Haha yeah morning"

ဝန်ဆောင်မှုက ကောင်းးလွန်းလို့ သူ Jeon Jung ရဲ့ ကား ကိုပဲ စီးဖြစ်တော့မှာပဲ
Jeon Jung က လေလေး တချွန်ချွန် နဲ့ ကားမောင်း နေတယ် သူကတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေနေမိတယ် လေချွန်သံလေး နားထောင်ရင်းပေါ့

"Kim Tae Breakfast စားပြီးပြီလား ဟင်"

"မစားရသေးဘူး ကျနော်က Brunch ပဲစားတယ်"

"ဪ"
"အခု မစားချင်ဘူးလား"

"Jeon Jung က စားချင်လို့လား"

"Kim Tae စားမယ်ဆိုရင်ပေါ့"

"Omm စားကြတာပေါ့"

Tae Hyung လက်ခံပြီးမှ Louis ရဲ့ စကားနာထိုးတာ ခံရတော့မယ် လို့ တွေးမိသွားတယ် အမြဲတမ်း Brunch ကို သူ နဲ့ Louis အတူတူစားခဲ့တာ

သူ့ရဲ့ ရတနာလေး က သူနဲ့အတူ  Breakfast စားဖို့ လက်ခံ လိုက်တာမို့ Jung Kook ကြည်နူးပီတိ ဂွမ်းဆီထိနေတယ်
ကား ကို Parking ထိုးပြီး အမြန်ဆင်းကာ Kim Tae အတွက် တံခါး သွားဖွင့်ပေးတော့

"ဘယ်လိုတွေဖြစ်နေတာလဲ ဆံဝါကောင်"

ပြောပြီးမှ Kim Tae က သူ့ပါးစပ်လေးကို လက်နဲ့ အုပ်ပြီး

"Oh God sorry" တဲ့

Jung Kook ပြုံးပြလိုက်ပေမယ့် မချိပြုံးကြီး ဖြစ်နေမလားပဲ သူ Kim Tae ဆီက ဆံဝါကောင် လို့ ခေါ်ခံရတာ ဒုတိယအကြိမ်ပဲ အဲ့နာမည် ကို တကယ်ပဲ မကြိုက်လိုက်တာ

Canteen ကို လမ်းတူတူ လျှောက်လာရင်း Kim Tae က ‌စကားစတယ်

"Jeon Jung ကျနော်တောင်းပန်ပါတယ်"

"အာာ Kim Tae က တောင်းပန်စရာမလိုပါဘူး ရပါတယ်"

"ဒါပေမဲ့...."

Canteen ထဲရောက်လာတော့ စကားစပြတ်သွားတယ်

"ဘာစားချင်လဲ Kim Tae"

"Strawberry Juice နဲ့ ပဲခေါက်ဆွဲ"

"အင်း ကျနော်လည်း ပဲခေါက်ဆွဲ ကြိုက်တယ်"

Be My Jewel 💎 Completed 💎Where stories live. Discover now