💎 Ch-15

2.7K 250 0
                                    

[Unicode]
"အားလုံးနဲ့ အကြာကြီး အလုပ်အတူတူ တွဲလုပ်နိုင်ဖို့ မျှော်လင့်ပါတယ် ကျနော့် ကို ကူညီကြပါဦးခင်ဗျ "

ခါးကိုင်းပြီး အကုန်လုံး ကို အရိုအသေပေးလိုက်တယ် ဒယ်ဒီက Tae Hyung ကို CEO အဖြစ် လွှဲပြောင်းပေးအပ်တာ ကို Share Holder တွေ သဘောတူ မတူ မဲခွဲ ဆုံးဖြတ်တယ် စကားအရမ်းများတဲ့ အဖိုးကြီးတချို့ နဲ့ ခပ်ထုံထုံ ဦးလေးကြီး တချို့ က သဘောမကျကြဘူး ဒါပေမဲ့ ဘယ်လိုလုပ်မလဲ Tae Hyung က အခု CEO ဖြစ်သွားပြီ သူတို့အတွက် စိတ်မကောင်းဖြစ်မိတယ်

CEO တစ်ယောက် ဖြစ်သွားပြီ မို့ သူ့ခေါင်းပေါ် အရာအားလုံး ပုံကျလာတယ် ဒယ်ဒီ့ ကိုတော့ သူ စာမေးပွဲ မပြီးခင် အထိ ကူပေးဖို့ တောင်းဆိုထားတယ် ‌ဟိုတခါ ပြဿနာ တက်ပြီးတည်းက မာမီ ကတော့ သူ့ကို Jung Kook ကိစ္စ ကို ထပ်မပြောလာဘူး မာမီ ဘာတွေကြံနေလဲ မသိပေမယ့် သတိထားရမယ် လို့ ခံစားနေရတာ

CEO ဖြစ်ရတဲ့ ပထဆုံးရက် က အရမ်းတော့ လွယ်ကူမနေခဲ့ဘူး ခေါင်းတွေ ရှုပ်လာတဲ့အထိ ဒယ်ဒီ့ အတွင်းရေးမှူး Kan ရဲ့ Schedule တွေ ဆုံးဖြတ်ရမယ့် ကိစ္စတွေ

နေ့လည်နားချိန် ထိုင်ခုံ နောက်ကို မှီရင်း မျက်လုံးမှိတ်ထားတုန်း တင်ခနဲ ကြားရတဲ့ message ဝင်သံ
ကြည့်လိုက်တော့ "ဂုဏ်ယူပါတယ် ကိုယ့် ရတနာ လေး ချစ်တယ်နော်" တဲ့ ဖတ်ပြီး ပြုံးမိသေးတာ Jeon Jung ကို ချစ်သူ တော်ရတာ သူ့အတွက် အမှန်ဆုံး နဲ့ အကောင်းဆုံး ပဲ
နောက်ထပ် ထပ်ဝင်လာတဲ့ message  Louis  ဆီက "ဂုဏ်ယူပါတယ် Kim မျက်စိရှေ့တင်ပဲ မင်း အရွယ်‌ ရောက်လာပြီ"ဆိုပဲ သူ ဆိုလိုချင်တာကို နားလည်ပါတယ်
သူတို့နှစ်ယောက် အတူတူ ထိုင်ပြီး message ပို့နေတာတော့ မဟုတ်ဘူးမလား

Jung Kook နဲ့ Louis က ဒီနေ့မှ ပိုလူများနေတဲ့ Canteen ကြောင့် တဝိုင်းတည်း တူတူထိုင်နေရတာ ဘယ်လို ရေစက်ဆိုးမျိုးလဲပဲ အခုလည်း Jung Kook က မှာထားတာစောင့်နေရင်း ရတနာလေး ဆီ message ပို့တာ အဲ့ဒါကို Jung Kook ဘာလုပ်လုပ် လိုက်ပြိုင်ချင်တဲ့ Lowish က message လိုက်ပို့နေတယ်
ရတနာလေး ဆီ က message ကို မျှော်နေတုန်း ဝင်လာတဲ့ message လေး
"ကျေးဇူးနော် Jeon Jung လွမ်းနေတာ ချစ်တယ်"
Jung Kook စက်သေနတ်ပစ်သလို စာပြန်ရိုက်နေတုန်း message ဝင်သံ ထပ်ကြားရတယ် ဒါပေမဲ့ အဲ့ဒါ Lowish ဆီက မှိုရတဲ့ မျက်ခွက် မို့ ခါးဆန့်သလိုလို မတ်တပ်ရပ်ပြီး ခိုးကြည့်လိုက်တယ် "ကျေးဇူးတင်ပါတယ် Louis ငါ့ရဲ့ သူငယ်ချင်းလေး" ဆိုတဲ့ စာ ကိုမြင်တော့ ဝမ်းသာမိတယ် ကိုယ့်ကိုယ်ကို Friend Zone ထဲမှာဆိုတာ Lowish ဆိုတဲ့ ကောင်သိဖို့ ပဲ လိုတယ်
တက်တက်ကြွကြွ နဲ့ ရတနာလေး ဆီကို message လေး ထပ်ပို့လိုက်တယ် "ညနေ ကိုယ်လာ‌ခေါ်မယ်နော် Company ကို အိမ်ပြန်ပို့ပေးချင်လို့ အနမ်းလေးတွေလည်း လွမ်းနေပြီ ရတနာလေး" ဆိုပြီး

Be My Jewel 💎 Completed 💎Onde histórias criam vida. Descubra agora