💎 Ch-7

3.5K 341 6
                                    

[Unicode]
"Hey အခြေအနေ ???"

Jung Kook က အခန်းရှေ့ကနေ စောင့်နေရင်းမေးးတယ်

"ဒီလိုပါပဲ"

နောက်ဆုံးရက် Midterm Exam ဖြေပြီး ထွက်လာတဲ့ Tae Hyung ရဲ့ အဖြေ
ဟုတ်သည်လေ သူကတော့ အကုန်ဖြေခဲ့တာပဲ မှန် မမှန်က စာစစ်တဲ့ ဆရာ ဆရာမတွေ ပဲ သိမှာလေ

Tae Hyung ရဲ့ အဖြေလေး ကြားတော့ Jung Kook က ခပ်ပြုံးပြုံး နဲ့ ဖြေပုံလေးက ချစ်စရာ ‌လေး လို့ တွေးနေမိတာ

Exam ဖြေနေတဲ့ရက်တွေ အတွင်းမှာ Kim Tae က သူ  အကြို အပို့ လုပ်တာ လက်မခံပါ Jeon Jung ရဲ့ စာကြည့်ချိန် တွေ လျော့ကုန် မှာစိုးလို့တဲ့ သူ့ရဲ ရတနာလေး က သူ့အတွက်လည်း တွေးပေးတတ်သေးတာ

"Hey Kim ဖြေနိုင်လား"

အခုမှ အခန်းထဲက ထွက်လာတဲ့ Louis က လှမ်းမေးတာ

"ဒီလိုပါပဲ မင်းရော Louis"

"ငါလည်း မင်းလိုပဲ Kim"
"Oh ဆံဝါကောင်ပဲ!!!"

Jeon Jung ကို ခုမှ မြင်ပုံရတဲ့ Louis က အော်လိုက်တာများ သူတောင် ကြားထဲက အားနာမိတယ် သူများတွေတောင် ကွက်ကြည့် ကွက်ကြည့် နဲ့ ဆံဝါကောင် က ဘယ်သူလဲ ဆိုပြီး တီူတိုးပြောတာ အတိုင်းသားကြားနေရတာ

ဒီ Lowis ဆိုတဲ့ကောင်ကတော့ သူ့ကို သိသိသာသာ လာဖဲ့နေတာ သူ့ကို အားနာဟန် နဲ့ သွားလေး စိပြီး မချိရယ် လေး ရယ်ပြနေတဲ့ Kim Tae ကြောင့် စိတ်ကို လျှော့ပြီး မသိချင်ယောင်ဆောင်လိုက်တယ် သူ Kim Tae နဲ့ မတွေ့ရတာ 8 ရက်တောင် ရှိနေပြီမို့ အတူတူ လျှောက်လည်ချင်နေပြီ

"Kim Tae ကားယူလာလား"

"မယူလာဘူး အိမ်ကို လိုက်ပို့ခိုင်းတာ Exam ပြီးရင် Jeon Jung နဲ့ တွေ့ဖို့ ပြောထားတာမို့လေ"

"ဟုတ် သွားရအောင် Kim Tae"

သူ့ကို အရေးမလုပ်ဘဲ Kim ကိုပဲ ကြည့်ပြီး စကားပြောနေတဲ့ ဆံဝါကောင် ကို Louis တော်တော် အမြင်ကတ်နေပါတယ် သူမပါဘဲ သူ့ရဲ့ တစ်ဦးတည်းသော Kim နှစ်ယောက်တည်း လည်ချင်နေတယ်ပေါ့လေ ဒါမျိုးတော့ မရပါ

"Kim ငါ့ကိုရော ဘယ်လိုလုပ်မှာလဲ"

"ဟမ် အာာာ မင်း မှာ ကားပါတယ်မလား Louis ရဲ့ "

Be My Jewel 💎 Completed 💎Where stories live. Discover now