💎 Ch-18

2.7K 258 2
                                    

[Unicode]
Final exam ရောက်ဖို့ တစ်ပတ်ပဲ လိုတော့တယ် Kim Tae က ဒီတစ်ပတ်အတွင်း မတွေ့ကြဖို့ ပြောတယ် ဖုန်း လေး ထဲ ကပဲ စကားလေး တွေ ပြောရတယ် Jung Kook လည်း စာ အသည်း အသန် လုပ်နေရတာ Company ကို ပါး က ပြန်ဦးစီးပေးနေတယ် Kim Tae လည်း သူ့လိုပဲနေမှာ
Louis ကတော့ စာလုပ်ရင်း ဖွန်ကြောင်ရင်း ပဲ နေမှာ Jung Group နဲ့ လက်တွဲလုပ်ဖို့ သူ့ Daddy ကို ပူဆာထားတယ် ပြောတယ် ပြီးရင် Ho Soek Hyung နဲ့ မဆုံဆုံအောင် ဖန်တီးယူ‌တယ် အခြေအနေတော့ တိုးတက်မလာသေးဘူး ဆိုပြီး ပြောတာပဲ

Tae Hyung စာတွေ လုပ်နေရင်း Jeon Jung ကို ရုတ်တရက်ကြီး လွမ်းလာတာ တွေ့ရအောင် လည်း အရမ်း ညဉ့်နက်နေပြီ Jeon Jung မျက်နှာလေး ခဏ ပဲဖြစ်ဖြစ် မြင်ရရင် ကောင်းမယ်
Message ဝင်သံ ကြားလို့ အသည်းအသန် ဖုန်း ကို ဖွင့်ကြည့်မိတယ် ဒီအချိန် message ပို့မှာ Jeon Jung တစ်ယောက်ပဲရှိတာ

-ရတနာလေး ရဲ့ Jeon Jung-
Kim Tae ရေ လိုက်ကာ ဆွဲဖွင့်ကြည့်လိုက်

Message ဖတ်ပြီးတာနဲ့ ချက်ချင်း လိုက်ကာကြိုး ကို ဆွဲဖွင့်လိုက်တယ် မှန်‌ပြတင်း အချပ်သေးလေး ကိုပါ ဖွင့်လိုက်တယ် ခရမ်းရောင် ပြိုင်ကား ရဲ့ ဘေးနား မှာ Pajama ကြီး နဲ့ ခုန်ဆွ ခုန်ဆွ လုပ်ကာ သူ့ကို လက်လှမ်းပြနေတဲ့ Jeon Jung လမ်းမီးတိုင် ကြောင့် ကောင်းကောင်း မြင်နေရတယ်
လက်ပြန်ပြလိုက် ပြီး Fly Kiss တွေ အပြန်အလှန် ပေးလိုက်တယ်

-ရတနာလေးရဲ့ Jeon Jung-
မအေးဘူးလား အနွေးထည်ထပ်ဝတ်လာတာ မဟုတ်ဘူး

-ရတနာလေး-
အေးတာပေါ့  ရတနာလေး မျက်နှာမြင်လိုက်ရတော့ နွေးသွားပြီ

-ရတနာလေးရဲ့ Jeon Jung-
အရမ်းတွေ့ချင်လာလို့ ထွက်လာတာ လွမ်းနေပြီ Kim Tae ကို ချစ်တယ်နော်

-ရတနာလေး-
တူတူပဲ လွမ်းနေတာ Jeon Jung ကိုလည်း ချစ်တယ် ပြန်တော့နော်

-ရတနာလေးရဲ့ Jeon Jung-
Omm Good night အိပ်တော့နော်

-ရတနာလေး-
Good night Jeon Jung Kiss 3 ခါ

ခုန်ဆွ ခုန်ဆွ လုပ်နေတဲ့ Jeon Jung က Fly Kiss တွေ လုပ်ပြပြီး ကားထဲ ဝင်သွားတယ် ကားလေး ထွက်သွားတော့ မှ Tae Hyung လည်း အိပ်ရာဝင်လိုက်တယ် အိပ်မက်တွေ ချိုမြိန်တဲ့ ညလေး

Final Exam ပထမ ရက် မှာတင် ကောင်းကောင်း ဖြေနိုင်တာမို့ Jung Kook ဖလန်း ဖလန်း ဖြစ်နေတယ် ကံကောင်းထောက်မစွာ ရတနာလေး နဲ့ သူက စာဖြေချိန် တူတယ် အပို့အကြို သူ လုပ်ပေးလို့ရတာ တော်သေးတာပေါ့

Be My Jewel 💎 Completed 💎Where stories live. Discover now