Zawgyi
စိတ်ဖိစီးကာ ကိုက်ခဲလာသော မျက်ရိုးတို့ကို ဖိနှိပ်နေသည့် Chanyeol ကြောင့် အတွင်းရေးမှူးဂျန်းမှ Lemon အအေးတစ်ခွက်ပေးကာ မေးသည်။
"CEO Park ခဏလောက်ဖြစ်ဖြစ်နားလိုက်မလား၊ ကျွန်မတို့ပဲ ဆက်ပြီး လှုပ်ရှားလိုက်ပါ့မယ်"
Lemon တစ်ငုံလောက်သောက်ပြီးနောက် ခွက်အားပြန်ပေးပြီး Chanyeol လက်ကာပြသည့် အခါ အတွင်းရေးမှူးဂျန်းလည်း အရိုအသေပေးရင်း နောက်ပြန်ဆုတ်နေသည်။
လက်ရှိ၌ သံသယဖြစ်ဖွယ် အခြေအနေတွေက တစ်ခုထက်မကသည်မို့ Chanyeol ဒေါသထက် Junmyeon အတွက် သောကပိုနေရခြင်းဖြစ်သည်။ စိတ်ချလက်ချဖြင့် လက်အောက်ငယ်သားတွေချည်း ခိုင်းရုံဖြင့် ပြီးပြတ်မည့်ကိစ္စမဟုတ်သည့်အတွက် ကိုယ်တိုင်ပါရဦးမည်။
"ဘယ်လိုလဲ အခုရော ရပြီလား"
နံဘေး၌ ခြေရာခံ ရေဒါစက်ကိရိယာတို့ဖြင့် ကျွမ်းကျင်ပညာရှင်တစ်ဦး ထားရှိကာ Junmyeon ဖုန်းထံ အဝေးရောက်စနစ်ဖြင့် ရှာဖွေစေခိုင်းနှင့်သည့် အခြေအနေမေးမြန်းလိုက်သည်။
"CEO nim....အခု ရရှိတဲ့ အချက်အလက်အရ သခင်လေး Kim ရဲ့ဖုန်းထဲက Frequency က တိုင်းတာလို့ရတဲ့ Hz ထက် မတည်ငြိမ်တဲ့အပိုင်းမှာရှိနေ လို့ ပုံမှန်မဟုတ်ပဲ ပြသာနာရှိတာကို တွေ့ရပါတယ်"
"နောက်တော့ရော"
"Satellite ကနေ အတည်ပြုပြီး တွေ့ရတဲ့နေရာကတော့ အတော်လေးဝေးတယ်၊ မသေချာသလို အချက်ပြ Mid Point က နေရာ ၃ခုလောက်ဖြစ်နေတယ်"
"ဆက်စပ်ကြည့်လိုက်ရင် အသွင်ပြောင်းကွန်ရက်စနစ်ကို Cyber Security လေးဆင့်လောက် ဖြတ်ဝင်ပြီးမှ ရောက်မှာမလို့ အချိန်အားဖြင့် နှောင့်နှေးမှုရှိနိုင်တယ်"
"ဘယ်လောက် ကြာမလဲ၊ ခန့်မှန်းခြေ"
"အများဆုံး ၆နာရီ၊ အမြန်ဆုံး ၃နာရီ"
လက်နှစ်ဖက်ကို ကျစ်နေအောင် ယှက်ထားရင်း Chanyeol ဦးနှောက်မှာ အတွေးအများကြီး ဖြတ်သန်းနေရသည်။ Junmyeon ၏ တည်နေရာ
စုံစမ်းရသည်မှာ ဤမျှ ခက်ခဲစရာ အကြောင်းမရှိ၊ တနေရာမဟုတ် တနေရာ၌ တွေ့မှာဖြစ်သည်။ ယုတ်စွအဆုံး တခြားနိုင်ငံသို့ ထွက်ပြေးခေါ်ဆောင် သွားစေဦးတော့ နောက်ယောင်ခံလိုက်ရန်က သိပ်မခဲယဉ်း။

YOU ARE READING
MY SHINING COMET
Romance𝓗𝓸𝔀 𝓼𝓽𝓻𝓪𝓷𝓰𝓮 𝓣𝓸 𝓭𝓻𝓮𝓪𝓶 𝓸𝓯 𝔂𝓸𝓾 𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓘 𝓪𝓶 𝔀𝓲𝓭𝓮 𝓪𝔀𝓪𝓴𝓮𝓷 Cover by Amaryllis_Lian #Xingho Fanfiction #primrose_vanilla