Zawgyi
"တကယ်လို့ အကြောင်းအရင်း ခိုင်လုံရင်ရော။ အဲ့
အချိန်ကျရင် ကျွန်တော်တောင်းဆိုတာ လက်ခံပေး
မှာလား။"Chanyeol ကတော့ ဒေါသထွက်လွန်းလို့ ထိုင်နေရာက
နေတောင် ထသွားပြီး Junmyeon ရှိတဲ့ဘက်ကို
ကျောခိုင်းထားတယ်။ Junmyeon နားလည်ပါတယ်
သူ့အပြုအမူက Chanyeolအတွက်ဘယ်လောက်
တောင် စိတ်ပျက်စေမလဲဆိုတာ။"ထိုက်တန်ရင်... တကယ့်ကို စစ်မှန်တဲ့ ထိုက်တန်ခြင်း
ရှိခဲ့ရင် ငါ့အယူအဆကို ပြန်သိမ်းပေးမယ်။ အဲ့လောက်
မဖြစ်နိုင်ပဲနဲ့ ငါ့စီမံမှုကို မင်းဝင်စွက်ဖက်လို့မရနိုင်ဘူး
Junmyeon။"ဒီလောက်ညှိလို့ ရတာတောင်လွန်လှနေပြီဖြစ်လို့
Junmyeon စိတ်ထဲက ကျေးဇူးတင်မိတယ်။ တကယ့်
ကို သူ့ဦးလေးက သူ့ဘက်မှာရှိနေသေးတယ်။ အခု
လောက် ကတိရရင်ကိုပဲ Junmyeon ဆုံးဖြတ်ရကျိုး
နပ်ပါတယ်။"ကတိတည်မှ ဖြစ်မှာနော် Samcheon"
Junmyeon ခုံကနေထပြီး တံခါးရှိရာဆီ တလှမ်းဆီ
လျှောက်သွားတယ်။
-တစ်လှမ်း
-နှစ်လှမ်း
-
-
-
-
-
-
-ကိုးလှမ်း
-ဆယ် လှမ်း....။တံခါးဆီရောက်ဖို့ဆိုရင် နောက်၅လှမ်းလောက်လို သေး
တယ်။ ဒီအနေအထားမှာ Junmyeon ရပ်လိုက်တယ်။
ပြီးတော့ ဖန်တွေကို လက်ရန်းအနေနဲ့ကာထားတဲ့
နေရာဘက်ကို လှည့်ပြီးသေချာကြည့်တယ်။ ပြီးရင် သူ့ဘေးက အုတ်လှေကားထစ်၂ခုမှာတင်ထားတဲ့ ပန်းအိုးလေးတွေ။**************************************
"ခွမ်း............."
"KIM JUNMYEON!!!!!"
Chanyeol မျက်စိရှေ့က အဖြစ်အပျက်တွေ မြန်လွန်း
လို့ ယုံတောင်မယုံနိုင်ဘူး။ တချိန်ထဲမှာတင် တလောကလုံးကို ကျိန်ဆဲလိုက်မိပြီ။ဘယ်လိုမှ ပြောလို့ဆိုလို့ မရတော့တဲ့တူဖြစ်သူကြောင့်
Chanyeol တော်တော်လေး ပေါက်ကွဲလာလို့ ကိုယ့်ကို
ကိုယ်ထိန်းချုပ်ဖို့ ဒီကလေးနဲ့ မျက်နှာချင်းဆိုင်ကနေ
ထွက်ပြီး အသက်ဝအောင် ရှူလိုက်ရသည်။Chanyeol တကယ့်ကို လောကမှာ အမုန်းဆုံးက စက်
ရုပ်တွေ။ အထူးသဖြင့် W.Net က စမ်းသပ်ပစ္စည်း
ဆို ခြေသုတ်ဝတ်တောင် မြင်ချင်စိတ်မရှိတဲ့အထိ
အဲ့သည်လောက် စိတ်အချဉ်ပေါက်ရတဲ့ အဖွဲ့အစည်း
နဲ့ အခု ရေစက်ဆုံမယ့်အနေအထားကို နားမလည်
တာက Junmyeon။

YOU ARE READING
MY SHINING COMET
Romance𝓗𝓸𝔀 𝓼𝓽𝓻𝓪𝓷𝓰𝓮 𝓣𝓸 𝓭𝓻𝓮𝓪𝓶 𝓸𝓯 𝔂𝓸𝓾 𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓘 𝓪𝓶 𝔀𝓲𝓭𝓮 𝓪𝔀𝓪𝓴𝓮𝓷 Cover by Amaryllis_Lian #Xingho Fanfiction #primrose_vanilla