Part 4 ||The Little Comet is so strange||

347 59 23
                                        

🌠🌠🌠🌠🌠

Junmyeon အတွက် ဆန်းကြယ်တဲ့ နေ့တနေ့ရဲ့
ညပိုင်း အချိန်ကို ရောက်လာတယ်။

တီဗီရှေ့ထိုင်ပြီး ကာတွန်းကားကို စိတ်ဝင်တစား
မျက်တောင်မခတ်ကြည့်နေတဲ့ သူကို Junmyeon
လက်ပိုက်ပြီး အကဲခတ်နေတယ်။
ပြောရမယ်ဆိုရင်တော့ Junmyeon နဲ့ဘာဆို
ဘာမှ မသက်ဆိုင်တဲ့ သူစိမ်းတယောက်၊
Junmyeon အိမ်မှာ ထူးဆန်းတဲ့ ဥခွံတစ်ခုနဲ့
ရောက်လာတဲ့ ဂြိုလ်သားလိုလို လူသားတစ်ယောက်
ကို အေးအေးလူလူနေခွင့် ပေးထားရတယ်။

ဘာလို့ ဒီလိုလုပ်နေမှန်းလည်း Junmyeon ကိုယ်တိုင်
မသိ။ အစကတော့ ဒီလူကို တွေ့တွေ့ချင်းကြောက်မိ
ပေမယ့် အခုတော့ စိုးရိမ်နေတယ်။

တကယ်တော့ Junmyeon အတွက် ဒီဖြစ်စဉ်က
ဥထဲကနေ ကလေးတယောက် အိမ်ကိုရောက်လာ
သလိုပဲ။ တကယ့် ကလေးလေးသာဆိုရင်တောင် Junmyeon ပျော်မိဦးမယ်။

ခုကျတော့ အရွယ်ရောက်ပြီးသား ယောင်္ကျားလေး
တယောက်က Mama ဆိုတဲ့ စကားတခွန်းကလွဲလို့
ဘာဆိုဘာမှ မပြော။ ဟင့်အင်း မပြောတတ်တာဆို
မှန်မယ်။

စကားပဲ မပြောတတ်တာလားဆိုတော့လည်း မဟုတ်
သေး။ အဝတ်အစားလည်း မဝတ်တတ်။
Junmyeon သက်ပြင်းချရင်း နေ့လည်ခင်းက
အချိန်ကို ပြန်မြင်ယောင်မိတယ်။

"ရော့ ခင်များ ဝတ်ဖို့။ အဝတ်တွေက ကျွန်တော့်size မို့
တော်ပါ့မလားမသိပေမယ့် အဆင်ပြေသလို ဝတ်ကြည့်
ပေါ့။"

Junmyeon စကားဆုံးသည် အထိ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း စိုက်ကြည့်နေသည်မို့
ဂုတ်ပိုးကို လက်ဖြင့် ပွတ်ရင်း မသိချင်ယောင်ဆောင်
ကာ ခပ်တည်တည်နှင့် Junmyeon အခန်းအပြင်ထွက်သွား လိုက်တယ်။

"ခင်များဝတ်လို့ ပြီးရင် ပြောနော်။"

တံခါးကို မှီရင်း အပြင်ဘက်မှJunmyeon လှမ်းအော်လိုက်တယ်။လက်က နာရီကိုလည်း ကြည့်ရင်း။

၁မိနစ်........
၃မိနစ်..........
၅မိနစ်................
.
.
.၁၅မိနစ်........
.
.
.
.၃၀မိနစ်............

နာရီဝက်လောက်ဆို အဝတ်အစား ဝတ်ရန် တော်တော်လေးလုံလောက်ပြီ အထင်နှင့် Junmyeon တံခါး
ခေါက်လိုက်တယ်။

MY SHINING COMETWhere stories live. Discover now