Zawgyi
ပထမဆုံး အလင်းရောင်ကို စသိတဲ့အချိန် အတောက်ပ
ဆုံး အပြုံးနဲ့ လူသားနှစ်ယောက်ကို တွေ့တယ်။နေရောင်ခြည်လိုမျိုး နွေးထွေးပြီး ပျော်ရွှင်မှုနဲ့ မျှော်လင့်
ချက်အသစ်တွေ ဖြစ်တည်စေတဲ့ အပြုံးမျိုးကြောင့် ဒီကမ္ဘာမှာ ဆန်းကျယ်တဲ့ လှပမှုမျိုး ရှိနေတာလားဆိုတဲ့
မေးခွန်းက အသိတရားတစ်ခုလို ခံစားလာရတယ်၊ ပထမဆုံးအကြိမ်အဖြစ်။"Xing လေးရေ...."
ပျော်ရွင်ကြည်နူးခြင်းအပြည့်နဲ့ နာမည်တစ်ခုရဲ့ ခေါ်သံ
က အဲ့လောက်တောင် ချိုမြိန်ပြီး အေးချမ်းတတ်သလား
လို့ အမေးရှိပေမယ့် အဖြေမလိုအောင် ပြီးပြည့်စုံလွန်း
တဲ့ အခိုက်အတန့်ဖြစ်ခဲ့တယ်။"ကောင်းကောင်း ကြီးပြင်းလာရမယ်နော်"
အလင်းရောင်တစတစ လျော့ပါးလာပြီး လေဟာပြင်
တစ်ခုကနေ ဆွဲခေါ်သွားခံရတဲ့ ခံစားချက်နဲ့ နွေးထွေးမှုနဲ့
ရယ်မောသံတွေက တဖြေးဖြေး ဝေးကွာလာတယ်။
.
.
.
.
.
.
.
.
.
"အကောင်းဆုံးကြိုးစားပေးပါ၊ ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ်
ရအောင် ကယ်ရမယ်"ဒေါသထွက်နေတဲ့ အသံနဲ့ တရှိုက်ရှိုက် ငိုကြွေးနေတဲ့
အသံတချို့။ စိုးရိမ်တကြီး ဝမ်းနည်းပူဆွေးနေကြတဲ့
ပုံရိပ်တွေကြောင့် ရှုပ်ထွေးပြီး အေးစက်နေသလို ပတ်
ဝန်းကျင်က စိတ်မသက်သာစေတဲ့ ခံစားချက်မျိုးပဲ။မွှေးပျံ့ပျံ့ ရနံ့တစ်ခုရယ်၊ နူးညံ့လွန်းတဲ့ လက်ချောင်း လှလှလေးတွေရဲ့ ထိတွေ့မှုသာ မရှိရင် ဒီနေရာက
ကြောက်ဖို့ကောင်းတဲ့ နေရာတစ်ခုလို့ ထင်လောက်စရာ။"Xing လေးရေ... "
ကြားရတဲ့ အသံက ချိုမြိန်ပေမယ့် ပူဆွေးခြင်းတွေ ပြည့်
နှက်နေတယ်။ အပြုံးယောင်ယောင် ပုံရိပ်တချို့က ဘာ
လို့မှန်းမသိ ဝမ်းနည်းစရာကောင်းနေတယ်။"မကြာခင် ပြန်တွေ့မယ်နော်"
လက်နွေးနွေးလေး ဖယ်ခွာသွားတာနဲ့ နောက်တခါ ပျောက်ဆုံးသွားတဲ့ အလင်းရောင်တွေ။ အသက်ရှူဖို့
အသိမရှိသလို အေးစက်ပြီး မှုန်မှိုင်းနေတဲ့ နေရာမှာ
အချိန်တွေ ဘယ်လောက်မှန်းမသိ လွင့်မြောရင်း ပထမ
ဆုံး အချိန်တုန်းက နေရောင်ခြည်ကို တမ်းတနေခဲ့တယ်။
.
.
.
.
.
.
.
.
.
.
.
.
"အမြင့်ဆုံးဈေးအနေနဲ့ သတ်မှတ်ရင်တောင် ဘယ်သူ မဆို လက်ခံမယ့် အနေအထားပဲလေ"

YOU ARE READING
MY SHINING COMET
Romance𝓗𝓸𝔀 𝓼𝓽𝓻𝓪𝓷𝓰𝓮 𝓣𝓸 𝓭𝓻𝓮𝓪𝓶 𝓸𝓯 𝔂𝓸𝓾 𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓘 𝓪𝓶 𝔀𝓲𝓭𝓮 𝓪𝔀𝓪𝓴𝓮𝓷 Cover by Amaryllis_Lian #Xingho Fanfiction #primrose_vanilla