Part 17||Looking For A Better Way||

121 33 2
                                        

Zawgyi

"မင်းငါ့ကို လျှို့ဝှက်တာတွေ သိပ်များနေပြီနော် ဟေ့ကောင်"

Junmyeon အားကစားလက်ပတ်ဝတ်ရင်းနဲ့ Min Seok ကိုကြည့်တော့ လက်ပိုက်ရင်း မျက်ခုံးပင့်ပြဆို
တဲ့ Min Seok မျက်နှာရိပ်က လက်မြှောက်အရှုံး
ပေးလိုက်တော့ဆိုတဲ့ ပုံစံမျိုး။

"သူများကြားရင် အထင်ကြီးနေပါ့မယ် Min Seok ရာ"

"အကုန်လုံးက မင်းအပေါ်ပဲ မူတည်နေတာ Kim
Junmyeon"

နဂိုထဲက အသေးအဖွဲလေးတောင် သူမသိပဲ မရှိစေရ
ဆိုတာကို လက်ကိုင်ထားတဲ့ Min Seok အတွက် ခုလို
Junmyeon က Xing အကြောင်းကို အများနည်းတူ
မှ အသိပေးမှ သတင်းရရှိမှုက တကယ့်ကို လက်မခံ
နိုင်စရာ ကိစ္စဖြစ်နေတာ Junmyeon သိတယ်။

"ကြိုမပြောမိလို့ စိတ်ဆိုးနေတာလား Min Seok-shi"

"မယုံနိုင်တာ Junmyeon, မင်းငါ့ကိုတောင် အသိမပေး
ပဲနေနိုင်လိမ့်မယ်ဆိုတာ မယုံကြည်နိုင်ဖြစ်နေတာ"

အားကစားရုံထဲမှာ နည်းပြရဲ့ သင်ပြမှုကို ခဏအတွင်း
မှာ အတတ်လွယ်တဲ့ Xing ကြောင့် Basket Ball
ကစားပွဲမှာ အဖွဲ့သားတွေရဲ့ ချီးကျူးသံတွေကြား
ကစားနည်းကိုသာ အာရုံစိုက်ပြီး လေ့ကျင့်နေတဲ့ Xing
ရဲ့ ပုံစံက တကယ့်ကို ဆွဲဆောင်မှုရှိပြီး ခန့်ညားတယ်။

"အတန်းထဲက လူတွေပြောနေကြတာ မင်းရဲ့ ၃ဝမ်းကွဲ
ဆွေမျိုးဆိုပဲ"

"ဟုတ်လား... နောက်ရော ဘာကြားသေးလဲ"

"စုံနေတာပါပဲကွာ၊ ဒါပေမယ့် အမှန်က ဘာလဲဆိုတာ
ငါပဲသိတယ်"

Junmyeon ဒီတခါ မျက်လုံးကျယ်သွားတယ်။
တကယ်ကြီး Min Seok က သိနေပြီတဲ့လား Xing
အကြောင်းကိုလေ။

"အဟမ်း...မင်းက ဘာကို သိတာလဲ"

"မင်းအတန်းပျက်ခြင်းရဲ့ အဓိကတရားခံမှန်းလေ"

Junmyeon ထပ်ပြီး ကြောင်တောင်တောင်ဖြစ်သွား
တယ်။ Min Seok ဆိုလိုချင်တာ ဘာကိုလဲ။

"အရင်တခေါက် မင်းခြေခေါက်လဲတာ သူကြောင့်မလား"

ဖွင့်သောက်လက်စ ရေဘူးကို ပြန်မပိတ်ခင် ရေသီးမလို
ဖြစ်သွားတာကြောင့် Min Seok က ကျောကို ပုတ်
ပေးရင်း အားပေးရှာသေးတယ်။

MY SHINING COMETTempat di mana cerita hidup. Terokai sekarang