Zawgyi
ကမ်းခြေ သဲသောင်ပြင်ထက်မှ တစစီ ပျံ့ကျဲနေသော အပျက်အစီးအပိုင်းအစများကို ကောက်ယူရင်း Chanyeol၏ အတွေးများသည် တဖြည်းဖြည်း စုစည်းလာခဲ့သည်။အပိုင်းအစ၅ခုခန့်ကောက်ကြည့်
ပြီးနောက်ဘာအဆက်အစပ်မှ မရှိတော့သော သစ်သားအပိုင်းအပြတ်ငယ်လေးများနှင့် တံခါးလက်ကိုင်ကဲ့သို့အစိတ်အပိုင်းစလေးများအထဲမှ သစ်သားစတစ်ခုကိုသာ ရွေးယူလျက် ကုတ်အင်္ကျီအိတ်ကပ်ထဲ သိမ်းလိုက်၏။"CEO Park ... ဒီမှာ ဘာမှ မကျန်ခဲ့ပါဘူး၊ သူတို့ထွက်သွားတာ ကြာလောက်ပြီ"
စုံစမ်းစစ်ဆေးရေးမှူးအမျိုးသမီး၏ စကား
ကြောင့်Chanyeol ဒူးတဖက်ထောက် ထိုင်နေရာမှ ထကာ ခေါင်းညိတ်ပြပြီး"လုပ်စရာရှိတာ ဆက်လုပ်ပါ၊ ထူးခြားတာရှိရင် ကျွန်တော့်ဆီအကြောင်းကြားပေးပါ"
"ကောင်းပါပြီ CEO Park စုံစမ်းရေးဌာနက အမှုဖွင့်ပြီးအသေးစိတ်စစ်ဆေးနေတာမလို့ သဲလွန်စတစ်ခုခုတော့ရမှာပါ"
ယုံကြည်ချက်ရှိစွာဖြင့် Chanyeol အား ပြောဆိုနေသည့်စုံစမ်းရေးမှူးအမျိုးသမီးအား Chanyeol နှုတ်ခမ်းတွန့်ရုံတစ်ချက်ပြုံးလိုက်ပြီးနောက်
"သဲလွန်စရရုံလောက်နဲ့ဆို ကျွန်တော့်ဌာန စစ်ဆေးရေး အဖွဲ့နဲ့တင် လုံလောက်နေတာ အခုလို အရာရှိMin တို့ပါတကူးတကအပင်ပန်းခံစရာလိုပါတော့မလား"
"ကျွန်တော့်မှာ အချိန်အများကြီး မရလို့ အရာရှိMin တို့ကိုပဲ ပင်ပန်းစေရတော့မယ်၊ နောက်ထပ် ၂၄နာရီအတွင်း ကျွန်တော့်တူကို ပြန်တွေ့ချင်ပါတယ်၊အတတ်နိုင်ဆုံး ကြိုးစားပေးပါ၊ တကယ်လို့ မဖြစ်နိုင်ဘူးဆိုရင် ဝန်ကြီးရုံးအထိ ကျွန်တော် သွားဖို့ပဲရှိတာမလို့၊
ဒီလို သေးငယ်တဲ့ ကိစ္စလောက်နဲ့ အိမ်ပြာတော်ကို ခေါင်းရှုပ်စေရင် စုံစမ်းစစ်ဆေးရေးဌာနကြီးအတွက်လည်း သိပ်ပြီး သင့်တော်မယ် မထင်ဘူး"Chanyeol ၏ စကားကြောင့် စုံစမ်းရေးမှူးMin မှာ မျက်နှာ ဖြူရော်သွားသည်အထိ ချက်ချင်း ရုပ်ပျက်သွားရ
သည်။မလိုလားအပ်သည့် အာဏာပိုင်းဆိုင်ရာ အကြီးအကဲများ စွက်ဖက်လာလျှင် သူမသာမက ဌာနတစ်ခုလုံးပါ ဖျက်သိမ်းရသည့်အထိ အဖြစ်တော့ မည်သူမှ အဖြစ်ခံမည်မဟုတ်တာကြောင့် Chanyeol ၏ ခြိမ်း
ခြောက်ခြင်းမမည်သော ခြိမ်းခြောက်ခြင်းက လူရာကျော်ရှိသည့် ဌာနတစ်ခုကို မျက်တောင်တခတ်မျှဖြင့် ပျောက်ကွယ်သွားစေနိုင်ပေသည်။

YOU ARE READING
MY SHINING COMET
Romance𝓗𝓸𝔀 𝓼𝓽𝓻𝓪𝓷𝓰𝓮 𝓣𝓸 𝓭𝓻𝓮𝓪𝓶 𝓸𝓯 𝔂𝓸𝓾 𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓘 𝓪𝓶 𝔀𝓲𝓭𝓮 𝓪𝔀𝓪𝓴𝓮𝓷 Cover by Amaryllis_Lian #Xingho Fanfiction #primrose_vanilla