Zawgyi
Junmyeon ခြံထဲက ခုံတန်းရှည်မှာ ထိုင်နေရင်း အတွေးများနေသည်မှာ တစ်နာရီခန့်မျှပင် ရှိနေပေပြီ။ Chanyeol Samcheon စိတ်ဆိုးနေပြီး အခုထိခွင့်မလွှတ်ပေးရင် နောက်ဘာဆက်လုပ်ရမလဲ Junmyeon တကယ့်ကို တွေးရကျပ်နေသည်။
"Aww... Xing....ထိုင်လေ"
ပခုံးပေါ်သို့ လွှားတင်လာသော အနွေးထည် Hoodie လေးကို ခံစားမိမှ Xing အနားရောက်လာသည်မှန်းသတိထားမိတော့သည်။
"ဘာတွေတွေးနေတာလဲ"
Xing ထိုင်လို့ရအောင် Junmyeon နေရာနည်းနည်းရွေ့ပေးလိုက်ပေမယ့် Xing တော့ Junmyeon နားသာကပ်ထိုင်သည်။
"Samcheon ခုထိမလာသေးဘူးလေ။ တစ်ခုခုများ အဆင်မပြေဖြစ်နေလား စိတ်ပူလို့။ ဖုန်းဆက်တာလည်း မကိုင်ဘူး"
ဖုန်းကို power ပိတ်လိုက်ဖွင့်လိုက် လုပ်ရင်း နှုတ်ခမ်းကိုကိုက်ရင်း မျက်နှာငယ်လေးနှင့် စိတ်မသာမယာ ဖြစ်နေသည့် Junmyeon ကို ကြည့်ရင်း Xing လည်း အဆင်မပြေတော့သည့် ပုံဖြစ်လာသည်။အမှန်တော့ Junmyeonကို သာ စိုက်ကြည့်နေခြင်းကြောင့်။
"Xing အထဲဝင်ပြီးနားနေပါလား၊ တကယ်ဆို Jun ကဘာမှမဖြစ်တာ Xing ကသာ ခုထိ ပတ်တီးကြီးတောင် ခွာလို့မရသေးဘူးလေ"
"ရာသီဥတုက အေးလာပြီ၊ မိုးလည်း ချုပ်တော့မယ်။ကိုယ်ဆက်စောင့်နေလိုက်မယ်။ Jun သွားနားလိုက်ပါ"
Junmyeon လက်နှစ်ဖက်ကို ခုံမှာထောက်ပြီး Xing ဘက်ကို ခေါင်းလေးငဲ့ပြီး မျက်လုံးမှေးစင်းပြီး စိတ်မရှည်တဲ့ အကြည့်နဲ့ စိုက်ကြည့်လိုက်သည်။
"ယုံကြည်မှုသိပ်ရှိနေတယ်ပေါ့၊Samcheon ကို မကြောက်ဘူးလား။ Xing ကို သူတခုခု လုပ်လိုက်ရင်ဘယ်လိုလုပ်မလဲ"
"ကိုယ် အမှားလုပ်ထားတာမျိုးမှ မရှိပဲ၊ ဘာလို့ ရင်မဆိုင်ရဲ ရမှာလဲ။ Jun ကို ချစ်မိတာကြောင့် အပြစ် ဖြစ်သွားတယ်ဆိုရင် Samcheon ဘယ်လိုပဲ ဆုံးဖြတ်ပါစေကိုယ်မမူပါဘူး။ Jun နဲ့ ဝေးရမယ့် လမ်းမဟုတ်သရွေ့ ကျိန်းသေ လက်ခံမှာပါ"
Xing ရဲ့ အဖြေကြောင့် Junmyeon ရင်ထဲမှာ တသိမ့်သိမ့်နဲ့ ကြည်နူးရိပ်လေးတွေ ဖြတ်ပြေးသွားသလိုပါပဲ။ဒါပေမယ့်လည်း တဖက်က ကြောင့်ကြစိတ်ကြောင့် မျက်နှာလေး မှိုင်သွားပြန်သည်။
आप पढ़ रहे हैं
MY SHINING COMET
रोमांस𝓗𝓸𝔀 𝓼𝓽𝓻𝓪𝓷𝓰𝓮 𝓣𝓸 𝓭𝓻𝓮𝓪𝓶 𝓸𝓯 𝔂𝓸𝓾 𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓘 𝓪𝓶 𝔀𝓲𝓭𝓮 𝓪𝔀𝓪𝓴𝓮𝓷 Cover by Amaryllis_Lian #Xingho Fanfiction #primrose_vanilla
