Part 9 || Side to Side||

252 45 16
                                        

Zawgyi

"Hello , Minseok ah!"

"Aww, Junmyeon ပြောလေ။"

Minseok နှင့် ph ပြောနေရင်းက တံခါးဖွင့်သံကြားမိ
တော့ အငွေ့တထောင်းထောင်းနှင့် ဆန်ပြုတ်ပန်းကန်
ကို Xing က သယ်လာတယ်။

"ငါဒီနေ့ အတန်းမတက်ဖြစ်လို့ ဆရာ့ကို ခွင့်တိုင်ပေးပါလား။"

"မင်းက ဘာဖြစ်လို့လဲ၊ နေမကောင်းဘူးလား။"

"အဲ့လောက်တော့ မဟုတ်ပေမယ့် ခြေထောက်နည်း
နည်းနာနေလို့ လမ်းလျှောက်ဖို့က အဆင်မပြေလို့
ဒီနေ့တော့ နားမှ ဖြစ်မယ်ထင်တယ်။"

ကုတင်ဘေးနားက စာကြည့်စားပွဲပေါ် ပန်းကန်ကို တင်ရင်း Xing က တခါ အခန်းပြင် ပြန်ထွက်သွားလေ
တယ်။ Junmyeon လည်း ဖုန်းပြောလက်စမို့
ဘာများသွားရှာသလဲ မမေးဖြစ်တော့။

"ဒါဆိုလည်း နားလိုက်ပါ ငါဆရာ့ကို ပြောပြလိုက်
မယ်။ ခွင့်စာတော့ နောက်နေ့ထပ်တင်ပေါ့။"

"Gomawo, Minseok ah "

Xing လက်ထဲပါလာတာက အဖြူရောင် မွှေးပွ
လက်ကိုင်ပဝါလေးတစ်ခု။ အိပ်ရာထဲလှဲရင်း ph ပြော
နေရာကနေ ထိုင်ဖို့လုပ်တော့ Xing က အနားရောက်လာပြီး ပုခုံး၂ဖက်ကို ပွေ့ပြီး ကူထူပေးတယ်။
ဘာမှလည်း အရမ်းဖြစ်တာမဟုတ်ပဲနဲ့ လူမမာတ
ယောက်ကို ပြုစုသလို ပြုမူနေတဲ့ Xing ကြောင့်
Junmyeon တော်တော်လေး အားနာနေမိတယ်။

"မလိုပါဘူးကွာ၊ ဒါနဲ့ မင်းက ဘာသွားလုပ်လို့ ဖြစ်ရတာ
လဲ။ "

"မနက်ကပန်းခြံကနေပြန်လာတော့ အခန့်မသင့်ပဲ ဖြစ်သွားတာ။"

"အမ်! မနက်စောစောစီးစီး မင်းက ပန်းခြံသွားတယ်?
ဘာလို့တုန်း?"

Minseok အမေးကြောင့် Junmyeon ဘယ်လိုဖြေရ
မှန်းမသိ။ Xing နဲ့ သွားတာပြောရအောင် သူ့ကို Xing အကြောင်းတစ်ခုတောင်မပြောပြရသေး။

"အာ...အဲ့ဒါက...ဟို...အားကစား..ဟုတ်တယ်။
အားကစားသွားလုပ်ရင်းနဲ့ ဖြစ်တာ။"

"Kim Junmyeon!?"

"Aww? Aww! ပြော..ပြောလေ။"

Junmyeon ကိုယ်တိုင်လည်း သိတယ်၊ လိမ်ပြောဖို့
ကြိုးစားတိုင်း လူမိတတ်တဲ့ ကိုယ့်အကျင့်အကြောင်း။
ဒါပေမယ့်လည်း မတတ်နိုင် ခုက ကိုယ်ခြေထောက်
ပေါ်ကိုယ် ရပ်ဖို့တောင် ခက်ခဲနေတဲ့ အချိန်လေ။ Samcheon တောင်ရှင်းပြဖို့ မလွယ်တာ Minseok ဆို
ပိုဆိုးမှာ အလိုလိုသိနေတယ်။

MY SHINING COMETTempat di mana cerita hidup. Terokai sekarang