Part 19 || What Got Between Us?||

296 41 13
                                        

Zawgyi

ကျောက်ဆောင်တစ်ခုနဲ့ အကွယ်မှာ အစိမ်းရောင် ဆိုင်ကယ်တစ်စီးကိုရပ်ထားပြီး တစ်စုံတစ်ယောက်သည် မနီးမဝေးမှ အခြေအနေအား စောင်ကြည့်နေသည်။အဖြူရောင်ကားတစ်စီးသည် ဘန်ဂလိုနားတဝိုက်၌ပါကင်ထိုးထားသည်ကို တွေ့ရသည့်အခိုက် ထိုသူ၏မျက်နှာသည် ဝင်းပသွားကာ နှစ်သက်သည့် အသွင်
ပေါ်လာသည်။

"Aiya! ကြည့်ရတာ အပြီးသတ်အချိန်ရောက်ဖို့တောင်သိပ်မလိုတော့ဘူးပဲ"

စိမ်းနက်ရောင် ဂျက်ကတ်ထဲက အသံမြည်နေသော ဖုန်းကို ထုတ်ပြီးနောက် တဖက်ကသူ၏ အသံကို နားထောင်သည်။

"အခြေအနေဘယ်လိုလဲ"

Tao ထုံးစံအတိုင်း Bubble gum Lolly pop ကို ငုံထားရင်း တစ်ဖက်လူရဲ့ အမေးကို တုံ့ပြန်သည်။

"ငါတွက်ထားတဲ့ အတိုင်းပဲ ဖြစ်လိမ့်မယ်"

"ဘယ်လောက်ထပ်စောင့်ရမလဲ"

"ကြာတော့မယ်မထင်ဘူး ၄၊၅ရက်က အလွန်ဆုံးပေါ့...အင်း...မပြောနိုင်ဘူးလေ အချိန်က မင်းတို့ပေါ်မှာ မူတည်ရင်လည်း......"

ပုံမှန်ဆို ကိစ္စတွေအတွက် အပြီးပြတ်ပြောပြီးသားဆိုရင်တောင် အနေအထားက Tao ဘက်က အရင်အသာစီးရနေတာကြောင့် Tao ကတော့ နည်းနည်းပါးပါး ကစားကြည့်သည်။ တဖက်ကအသံက တုံ့ပြန်မှုမရှိ
တာကြောင့်

*ဘာလဲဟ!သူတို့က မလိုချင်တော့ပြန်ဘူးလား*

Tao မဆိုစလောက်တော့ စိတ်ကွက်သွားသည်။ သူအချီကြီးတွက်ခဲ့ပေမယ့် ထင်သလောက် မဖြစ်နိုင်ခဲ့ရင်နှမြောစရာကောင်းလွန်းသည်။

"၃ဆပေးမယ်....၂ရက်အတွင်း ရအောင်လုပ်"

*BINGO!*

" Ok, Deal! ဒီလိုဆိုလည်း အဆင်သင့်သာစောင့်နေလိုက်၊ သတင်းကောင်းက နောက် ၄၈နာရီအတွင်း ကြားရပါလိမ့်မယ်"

ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားချိန်မှာတော့ Tao စိတ်ထဲ အတော်အတန် နေလို့ထိုင်လို့ကောင်းသွားသည်။ရာသီဥတုကလည်း ဒီနေ့မှာ အင်မတန်သာယာနေသလိုစိတ်လည်း ကြည်လင်နေသည်။

ခုချိန်ထိရောက်အောင် သူကြိုစားခဲ့ရတာတွေ
မနည်းခဲ့မှန်း Tao သိသည်။။ အထူးသဖြင့် စကားနဲ့ ပြောဖို့တောင် အန္တရာယ်များလွန်းတဲ့ သူတွေကို လှည့်ပြီး ကစားရခြင်းက ထင်သလောက် ပေါ့ပါးလွန်းသည့်အရာမဟုတ်ခဲ့သည်ပဲ။

MY SHINING COMETWhere stories live. Discover now